စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ကော်ဘရာစစ်သည်တစ်ဦးဒဏ်ရာရ

Published on Sep 10, 2022

အကြမ်းဖက်စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဥ်တစ်စီးဖြင့် နှစ်ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော်ဘရာစစ်သည်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းယနေ့ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၉ရက် ည၁၂နာရီ မိနစ် ၄၀ခန့်တွင် ကော်ဘရာစစ်ကြောင်းလုံခြုံရေးယူထားသည့် ဘလက်တိုကျေးရွာအနီးရှိနေရာတစ်ခုကို လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော်ဘရာစစ်သည်တစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၉ရက်က မြဝတီ- ဝေါ်လေ လမ်းမပေါ်ရှိ လူခို့နေရာတွင် ရိက္ခာနှင့် လက်နက်ခဲယမ်း လာရောက်ပို့ဆောင်သော စစ်ကောင်စီတပ်ကို ဖမ်းဆီးရမိပြီးနောက် စစ်ကောင်စီသည် ယင်းညပိုင်းတွင် ေကာ်ဘရာစစ်ကြောင်းကို လေယာဥ်ဖြင့်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးရမိမှုတွင် စစ်ကောင်စီတပ်မှဗိုလ်ကြီး ရဲရင့်မောင် အပါအဝင် ၆ဦးနှင့်အတူ MA-3(2)လက်, MA -1(1)လက်, MA-2(1) လက်, MA-4(1)လက်, MA-5(1) လက်, မဂ္ဂဇင်း ဘောက် (17)ချပ်, ဘောက်အဝိုင်း (၁) ချပ်, လက်ပစ်ဗုံး (2)လုံး, BSA 1 Scope (1)လုံး, 5.56 ကျည် (600)တောင့်, 40-mm ဗုံးသီး (200)လုံး, 60-mm ဗုံးသီး (200) လုံး နှင့် ရိက္ခာခြောက် ခေါက်ဆွဲ (၁၂) အိပ် တို့ကို KNLAဘက်မှ သိမ်းဆည်းရမိခဲ့သည်။