ဒီတစ်ပတ် ရွှေစျေး အတက်အကျ (နိုဝင်ဘာ ၆ မှ ၁၁ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 11, 2023

“ကမ္ဘာ့ရွှေစျေးထိုးကျပေမယ့် ပြည်တွင်းရွှေစျေးလိုက်မကျ”

 

ပြည်တွင်းအဝယ်မရှိဘဲ အေးနေတဲ့ ရွှေစျေးကွက်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ကမ္ဘာ့ရွှေစျေးတွေတက်လို့ လိုက်တာခဲ့ပါတယ်။

 

အခုအပတ်ထဲ ကမ္ဘာ့ရွှေစျေးတွေ ထိုးကျနေပေမယ့် မြန်မာ့ရွှေစျေးကတော့ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၃၅ သိန်းအောက်မဆင်းသေးပါဘူး။

 

ပြီးခဲ့တဲ့အပတ်ထဲ တစ်အောင်စ ကန်ဒေါ်လာ ၂၀၀၀ ကျော်အထိတက်ခဲ့တဲ့ ကမ္ဘာ့ရွှေစျေး တစ်အောင်စ ကန် ၁၉၃၇ ဒေါ်လာအထိ ကျဆင်းခဲ့တာပါ။ ဒါကြောင့် တစ်အောင်စကို ၆၃ ဒေါ်လာကျော်အထိ ကျခဲ့ပါတယ်။

 

ပြည်တွင်းရွှေစျေးကတော့ အခုအပတ်ထဲ တနင်္လါနေ့က ၁၆ ပဲရည်အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၅ သိန်း တစ်သောင်းနဲ့ ဖွင့်ပြီး စနေနေ့မှာ တစ်ကျပ်သား ၃၅ သိန်းနဲ့ ပိတ်သွားပါတယ်။

 

တစ်ပတ်အတွင်းစျေးအကွာအဟဟာလည်း ​သောင်းဂဏန်းပမာဏပဲရှိပါတယ်။

 

လက်ရှိ ရွှေစျေးကွက်ထဲ ကမ္ဘာ့ရွှေတစ်အောင်စကို အမရိကန် ၁၉၃၇ ဒေါ်လာနဲ့ ပြည်တွင်းစျေးနှုန်းတွေမှာတော့ ၁၅ ပဲရည်တစ်ကျပ်သား ၃၃ သိန်းနဲ့ ၁၆ ပဲရည်တစ်ကျပ်သား ၃၅ သန်းအတိရှိနေပါတယ်။