အစ္စရေး-ဟားမစ် နောက်ဆုံးရ သတင်းများ စုစည်းမှု

Author CJ Platform
Categories
Published on Oct 21, 2023

  • (၁) ပါလက်စတိုင်း ဘက်မှ ဂါဇာရှိ သေဆုံးသူ ၄၀၀၀ကျော် ရှိလာပြီဟု ပြောဆို
    ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၇ ရက်နေ့မှစတင်သော အစ္စရေး-ဟားမစ် တိုက်ခိုက်မှုများအတွင်း ဂါဇာရှိ သေဆုံးသူ အရေအတွက် (၄၁၃၇) ဦး ထိိရှလာပြီ ဖြစ်ကြောင်း သိရသည်။
    ဒဏ်ရာရရှိသူ အရေအတွက်မှာ ၁ သောင်း ၃ ထောင် ကျော် ရှိပြီဟု ဆိုသည်။
    တစ်ဖက် အစ္စရေး ပြည်တွင်လည်း ဟားမစ်တို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက် ၁၄၀၀ ကျော် ရှိခဲ့ပြီဟု သိရသည်။
  • (၂) ဟားမစ်မှ ဓားစာခံအဖြစ် ဖမ်းဆီးထားသူများအနက် ကလေးငယ် ၂၀ ကျော် ပါဝင်နေ
    အောက်တိုဘာ ၇ ရက်နေ့ တွင် ဟားမစ် စစ်အုပ်စုမှ အစ္စရေးသို့ ဒုံးကျည် ထောင်ချီ ပစ်လွှတ် တိုက်ခိုက်ခဲ့ပြီးနောက် နယ်စပ်ရွာများထဲသို့ ၎င်းတို့၏ တပ်သားများစေလွှတ် ခဲ့သည်။
    အစ္စရေး ရွာသားအများအပြား အသတ်ခံရပြီးနောက် အချို့မှာဓားစာခံအဖြစ် ခေါ်ဆောင်ခြင်း ခံရကြောင်း အစ္စရေးဘက်မှ အတည်ပြုပြောကြားသည်။
    ဖမ်းခေါ်သွားစဉ်က လူအရေအတွက် (၂၁၀) ကျော် ခန့်ရှိပြီး ပြန်လည် ထွက်ပြေး လွတ်မြောက်လာသူများလည်း ရှိသည်။
    ကျန်ရှိနေသူများထဲတွင် ၁၀ ယောက်နှင့် ၂၀ ဝန်းကျင်ကြားမှာ အသက် ၆၀ ကျော် အရွယ်များ ဖြစ်ပြီး ၂၀ ကျော် မှာ ကလေးငယ် များ ဖြစ်ကြောင်း အစ္စရေးစစ်ဘက်မှ ထုတ်ပြန်သော စာတွင် ပါရှိသည်။
  • (၃) ဂါဇာသို့ လူသားချင်းစာနာမှု အကူအညီများ ပို့ဆောင်ရန် Rafah ဂိတ် ဖွင့်လှစ်ခဲ့ ၊ UN အထွေထွေ အတွင်းရေးမှူးချုပ်ပါ ကြီးကြပ်ရန် ရောက်ရှိနေ
    အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်မှ ဦးဆောင်မှု ပြုကာ အစ္စရေးဝန်ကြီးချုပ် နှင့် အီဂျစ် သမ္မတ တို့နှင့် ဆွေးနွေးညှိနှိုင်းမှုအပြီး မကြာခင်မှာပင် ယခုကဲ့သို့ အစ္စရေး-ပါလက်စတိုင်း နယ်စပ်အား ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
    အောက်တိုဘာ ၁၈ရက်နေ့ ၌ မီဒီများရှေ့မှောက်တွင် “ဂါဇာရှိ ပြည်သူများ အတွက် အရေးတကြီး လိုအပ်နေသော လူသားချင်း စာနာမှု အထောက်အပံ့များ တင်ဆောင်ထားတဲ့ ထရပ် အစီး ၂၀ ဟာ သောကြာနေ့မှာ ဖြတ်သန်းမှာ ဖြစ်တယ်”လို့ ဂျိုးဘိုင်ဒင် မှ ကတိပေးပြော ကြား ခဲ့တဲ့အတိုင်း ဖြစ်လာခဲ့ခြင်းဖြစ်သည်။
    ထို့အပြင် ကုလသမဂ္ဂ အထွေထွ အတွင်းရေးမှူးချုပ် Antonio Guterres (အန်တိုနီယို ဂူတာရီစ်) ပါ ပို့ဆောင်ရေးလုပ်ငန်းစဉ်အား ကြီးကြပ်ရန် ယနေ့ မနက် ပိုင်းက Rafah နယ်စပ်ဂိတ် သို့ ရောက်ရှိ နေကြောင်းလည်း သိရသည်။
  • (၄)ဟားမစ် ဘက်မှ ဓားစာခံအချို့ ပြန်လွှတ်ပေးကာ အပစ်အခတ် ခေတ္တ ရပ်စဲရန် အစ္စရေးအားကမ်းလှမ်း
    BBC Media ၏ လုံခြုံရေးပြောရေးဆိုခွင့်ရှိသူ တစ်ဦး ဖြစ်သူ Frank Gardner (ဖရန့် ဂါနာ)မှ ဟားမစ် စစ်အုပ်စုဘက်မှ အစ္စရေးအား အပစ်အခတ် ခေတ္တ ရပ်စဲရန် ကမ်းလှမ်းထားကြောင်း သိရသည်ဟု ဆိုသည်။
    အပေးအယူအဖြစ် ဖမ်းဆီးထားသော ဓားစာခံများထဲမှ အချို့အား ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
    သို့သော် အစ္စရေးဘက်မှ လက်သင့်မခံကြောင်း ပြောကြားခဲ့သည် ။
    ဖရန့် ပြောကြားချက် အရ ဟားမစ်အုပ်စု တွင် ဓားစာခံအားလုံးရှိ မနေဘဲ တခြား လက်နက်ကိုင်အုပ်စုများမှ လည်း တချို့အား ခေါ်ဆောင်သွားခြင်း ဖြစ်သည် ဟု သိရသည်။
    ဖမ်းဆီးခံအများစုမှာ ကျန်းမာရေးကောင်းမှန် သည် ဟု သိရကြောင်းလည်း အစ္စရေး စစ်ဘက်မှ စာထုတ်ပြန်ထားသည်။
  • (၅) ဗြိတိန် ဝန်ကြီးချုပ် ပါလက်စတိုင်းသမ္မတ နှင့် တွေ့ဆုံ
    အင်္ဂလန်နိုင်ငံ ၏ ဝန်ကြီးချုပ် Rishi Sunak (ရီရှီ ဆူနခ်) သည် အောက်တိုဘာ ၂၀ ရက်နေ့ တွင် ပါလက်စတိုင်းသို့ သွားရောက်ကာ ပါလက်စတိုင်းသမ္မတ မိုဟာမက် အက်ဘက်စ် နှင့် တွေ့ဆုံခဲ့သည်။
    ဝန်ကြီးချုပ် ဆူနက်ခ် ၏ ပြောရေးဆိုခွင့်ရှိသူမှ ” ခေါင်းဆောင်များမှာ ပါတီများ၏ ပြည်သူများအပေါ် ကာကွယ်ရန်လိုအပ်ချက်များ၊ အိုးအိမ်များ နှင့် အပြစ်မရှိသော အသက်များ ဆုံးရှုံးခြင်း အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်”ဟု ပြောဆိုသည်။
    ဗြိတန် ဝန်ကြီးရုံး ပြောကြားချက် အရ ဝန်ကြီးချုပ်မှာ သူ၏ ဂါဇာပြည်သူများနှင့်တူ ထပ်တူ ဝမ်းနည်းကြောင်း ပြသခြင်းနှင့် ကတိပေးထားသော လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ များ ပေးရန် အတွက် လာရောက် တွေ့ဆုံခြင်း ဖြစ်သည် ဟု သိရသည်။
    နှစ်ဖက်ခေါင်းဆောင်များမှာ ” ဟားမစ် အုပ်စု၏ အကြမ်းဖက် လုပ်ရပ်များအား ပြစ်တင်ရှုံ့ ချခဲ့ကြပြီး ဟားမစ် များ ပါလက်စတိုင်း ပြည်သူအပေါ် ကိုယ်စားမပြုရေး အတွက် အလေးပေးဆွေးနွေးခဲ့ကြသည်”ဟု BBC Media မှ ဆိုသည်။
  • လူသားချင်းစာနာထောက်ထားမှု ကူညီရေးပစ္စည်းများ အပြည့် တင်ဆောင်ထားသော ထရပ် ကား အစီး (၂၀) မှာ ယနေ့ အစောပိုင်းတွင် ဂါဇာ ဒေသတွင်းသို့ ဝင်ရောက်မည် ဖြစ်ပြီး ဂါဇာ ရှိစစ်ဘေးသင့် ပါလက်စတိုင်းပြည်သူများ စားဝတ်နေရေးဒုက္ခ ခဏတာ ကင်းဝေးမည်ဖြစ်သော်လည်း ရေရှည် ပြန်လည်ထူထောင်ရေး အတွက်မှု လမ်းပျောက်နေဆဲ ဖြစ်သည်ဟု ဆိုရပေမည်။
  • ဓာတ်ပုံ -India Today

Related News

Depend on news