ထောင်တွင်းဆန္ဒပြမှု ဦးဆောင်သည့် ဗကသ ကျောင်းသား ထောင်၃နှစ်ချခံရ

Author ခေတ်နီ
Categories
Published on Sep 03, 2022

အိုးဘိုထောင်အတွင်း ဆန္ဒပြမှုကိုဦးဆောင်ပါဝင်ခဲ့သည့် မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ အဖွဲ့ဝင် ကိုအောင်နိုင်သူကို အိုးဘိုထောင်တွင်း တရားရုံးကနေ ထောင် ၃ နှစ်ချမှတ်လိုက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

ကိုအောင်နိုင်သူကို ယမန်နှစ် မေလ၁၂ရက်နေ့ မှာ မန္တလေးမြို့ ဆန္ဒပြသပိတ်စစ်ကြောင်းကို စစ်ကောင်စီက ဖြိုခွင်းချိန်တွင်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ၂၀၂၂ စက်တင်ဘာ ၁ရက်နေ့မှာ အိုးဘိုအကျဥ်းထောင်တွင်း တရားရုံးကနေ ပုဒ်မ ၅၀၅ဖြင့် ထောင်ဒဏ်၃နှစ်ချမှတ်ခဲ့တာပဲ ဖြစ်သည်။

ကျောင်းသားထုအခွင့်ရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုအောင်နိုင်သူဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ ပြီးနောက်တွင်လည်း အိုးဘိုအကျဉ်းထောင်တွင်း ဆန္ဒပြပွဲဦးဆောင်ပါဝင်ခဲ့မှု‌ကြောင့် လွန်ခဲ့သည့် ဩဂုတ်လမှစတင်ကာ ယနေ့အချိန်ထိ တိုက်ပိတ်ခံထားရဆဲ ဖြစ်တယ်လို့လည်း သိရသည်။‌

ထောင်တွင်းဆန္ဒပြပွဲကို ဦးဆောင်ပါဝင်မှုကြောင့် ထောင်အာဏာပိုင်များ၏ ရိုက်နှက်ခံခဲ့ရပြီး စက်တင်ဘာလ(၁)ရက်နေ့ ထောင်တွင်းရုံးထုတ်ရာတွင်လည်း Wheel Chair ဖြင့် ရုံးထုတ်ခဲ့ရ‌ေြ့ာင်း ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Related News

Depend on news