မန်ယူအသင်းကိုဝယ်ယူဖို့အတွက် လာမယ့်ရက်ပိုင်းအတွင်းကမ်းလှမ်းဖို့ပြင်ဆင်နေတဲ့ ကာတာအင်အားစု

Author မောင်ရှမ်း
Categories
Published on Feb 08, 2023

ကာတာနိုင်ငံရဲ့ စီးပွားရေးအင်အားစုတစ်ခုဟာ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းကို ဝယ်ယူနိုင်ရေးအတွက် လာမယ့်ရက်ပိုင်းအတွင်းမှာပဲ စတင်ကမ်းလှမ်းသွားတော့မယ်လို့ သိရပါတယ်။ မန်ယူအသင်းရဲ့ လက်ရှိပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုကတော့ အသင်းရဲ့ရှယ်ယာတွေဝယ်ယူလိုသူ၊ ဒါမှမဟုတ် အပြီးသတ်ဝယ်ယူလိုသူတွေရှိမယ်ဆိုရင် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပေးသွားမယ်လို့ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ထုတ်ပြောခဲ့ဖူးပါတယ်။

အခုတော့ ကာတာအင်အားစုဟာ မန်ယူအသင်းကို အပြီးသတ်ဝယ်ယူဖို့ကမ်းလှမ်းသွားမှာဖြစ်ပြီး တခြားပြိုင်ဘက်တွေထက် လက်ဦးမှုရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ မန်ယူအသင်းကို ဝယ်ယူမယ့် ကာတာအင်အားစုရဲ့ကြွယ်ဝမှုဟာ ဒေါ်လာ ၃၃၅ ဘီလီယံထိရှိတယ်လို့ သိရပြီး အသင်းကို ဝယ်ယူဖြစ်ခဲ့မယ်ဆိုရင်တော့ အိုးထရက်ဖိုဒ့်ကွင်းကို ပြန်လည်ပြုပြင်မွမ်းမံရေးအပါအဝင် ပေါင် ၈ ဘီလီယံကျော် အကုန်ကျခံသွားမှာဖြစ်ပြီး လာမယ့်နွေရာသီမှာ နည်းပြ အဲရစ်တန်ဟက်အတွက်လည်း ကစားသမားခေါ်ယူရေးအတွက် အသုံးစရိတ်ကို လိုအပ်သလောက် ထုတ်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အသင်းကို ဝယ်ယူဖို့အတွက် မန်ယူပရိသတ်တစ်ဦးဖြစ်တဲ့ ဗြိတိန်ဘီလျံနာ ဆာဂျင်မ် ရက်ကလစ်ဖ်ကလည်း စိတ်အားထက်သန်နေတာကြောင့် ဂလေဇာမိသားစုဆီကနေ မန်ယူအသင်းကို ဘယ်သူတွေ ပိုင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့အခြေအနေကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

အခုတော့ ကာတာအင်အားစုဟာ မန်ယူအသင်းကို အပြီးသတ်ဝယ်ယူဖို့ကမ်းလှမ်းသွားမှာဖြစ်ပြီး တခြားပြိုင်ဘက်တွေထက် လက်ဦးမှုရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ မန်ယူအသင်းကို ဝယ်ယူမယ့် ကာတာအင်အားစုရဲ့ကြွယ်ဝမှုဟာ ဒေါ်လာ ၃၃၅ ဘီလီယံထိရှိတယ်လို့ သိရပြီး အသင်းကို ဝယ်ယူဖြစ်ခဲ့မယ်ဆိုရင်တော့ အိုးထရက်ဖိုဒ့်ကွင်းကို ပြန်လည်ပြုပြင်မွမ်းမံဖို့ွှတွက် ပေါင် ၆ ဘီလီယံကျော် အကုန်ကျခံသွားမှာဖြစ်ပြီး လာမယ့်နွေရာသီမှာ နည်းပြ အဲရစ်တန်ဟက်အတွက်လည်း ကစားသမားခေါ်ယူရေးအတွက် အသုံးစရိတ်ကို လိုအပ်သလောက် ထုတ်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အသင်းကို ဝယ်ယူဖို့အတွက် မန်ယူပရိသတ်တစ်ဦးဖြစ်တဲ့ ဗြိတိန်ဘီလျံနာ ဆာဂျင်မ် ရက်ကလစ်ဖ်ကလည်း စိတ်အားထက်သန်နေတာကြောင့် ဂလေဇာမိသားစုဆီကနေ မန်ယူအသင်းကို ဘယ်သူတွေ ပိုင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့အခြေအနေကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။