သထုံတွင် လက်ထောက်ညွှန်ကြားရေးမှူးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးသွား

Author ကိုပေါက်
Categories
Published on Jan 16, 2023

 

သထုံမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ လက်ထောက်ညွှန်န်ကြားရေးမှူးနှစ်ဦးအား ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

သထုံမြို့နယ် ကတိုက်ကျေးရွာ ကွင်းမြစ်ဖြတ် ပိုက်လိုင်းစီမံကိန်းတွင် ဇန်နဝါရီလ ၁၄ ရက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံရတာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“အဲ့နေ့က ပစ်ခတ်မှု့ဖြစ်တယ် သေတဲ့သူတွေရော ဒဏ်ရာရတဲ့သူတွေပါရှိတယ် မနေ့ကမှ သိတာ လက်ထောက်ညွှန်ကြားရေးမှူး နှစ်ဦး ပျောက်နေတာ”ဟု ပြောသည်။

မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဆောင်ရွက်နေသည့် မြစ်ဖြတ်ပိုက်လိုင်း စီမံကိန်းကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူများမှ ဇန်နဝါရီ ၁၄ ရက်က လာရောက်ပစ်ခဲ့ရာ ၂ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“တပ်နဲ့ရဲက ရှာပေးမယ် ပြန်ကယ်ပေးမယ်ပြောတယ် သူတို့ကြောက်လို့ ပြေးနေကြတဲ့သူတွေက ကယ်ပေးမယ်ဆိုတာ၊ မယုံကြဘူး မိသားစုဝင်တွေက စိတ်ပူနေတယ် အခုထိ ဘာသတင်းမှ မကြားဘူး”ဟု ပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသန့် နှင့် ဦးဝင်းထွန်း တို့ဖြစ်သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #လက်ထောက်ညွှန်ကြားရေးမှူး #သထုံ #ဖမ်းဆီးခံရ