ကျောက်ပန်းတောင်းတွင် CDM မီးရထားဝန်ထမ်းတစ်ဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီး

Author ကိုပေါက်
Categories
Published on Nov 30, 2022

ကျောက်ပန်းတောင်းမြို့နယ် ဆင်ဆင်းကျေးရွာတွင် ယနေ့ညနေ ၃နာရီခန့်က CDM ပြုလုပ်ထားသည့် မီးရထားဝန်ထမ်းတစ်ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

“သူ့ကိုရိုက်နှက်ပြီးဖမ်းတာ ဖုန်းရောယူသွားတယ် မြို့မရဲစခန်းမှာ စစ်ဆေးနေတယ် “ဟု ဒေသခံတစ်ဦးမှ CJ Platform ကိုပြောသည်။

ဖမ်းဆီးခံရသူမှာ ရွာထောင် ဒီဇယ်စက်ခေါင်းစက်ရုံမှ CDM ဝန်ထမ်း ကိုအောင်ကျော်ကျော် ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့သူဖြစ်သည်ဟု မြို့ခံတွေ၏ ပြောပြချက်အရ သိရသည်။

လက်ရှိအခြေအနေတွင် ဖမ်းဆီးခံရသူ ကိုအောင်ကျော်ကျော်ကို ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဖြင့် အမှုဖွင့်ထားကြောင်းအုပ်ချုပ်ရေးနှင့် နီးစပ်သူတွေဆီက သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #CDM #ကျောက်ပန်းတောင်းမြို့ #ဆင်ဆင်းကျေးရွာ #မီးရထား

Related News

Depend on news