စက်ရုံပိတ်သိမ်းသည်ဟုဆိုဟာ အထည်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမား ၁၀၀ကျော်အလုပ်ရပ်နားခံရ

Author ခေတ်နီ
Categories
Published on Nov 26, 2022

 

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် စက်ရုံပိတ်သိမ်းသည်ဟုဆိုကာ အလုပ်သမား ၁၀၀ ကျော်အား လုပ်ခလစာနှင့် နို့တစ်ကြေး အပြည့်အဝမပေးဘဲ အလုပ်ရပ်နားခဲ့ကြောင်း သွေးစည်ညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM)မှ သိရသည်။

ရွှေပြည်သာမြို့နယ်အမှတ် ၃၄၆၊ သိမ်ကျောင်းလမ်း ၊ဝါးတရာစက်မှူဇုန်မှာရှိသည့် Myanmar FORJS APPAREL CO.LTD Garment အထည်ချုပ်စက်ရုံမှအလုပ်သမား ၁၀၀ကျော်အား စက်ရုံဘက်မှ ကြိုတင်အသိပေးခြင်းမရှိပဲ စက်ရုံပိတ်သိမ်းသည်ဟုဆိုကာ ယမန်နေ့ ညနေပိုင်း ၃နာရီမှစတင်ကာ အလုပ်မှ ရပ်နားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စက်ရုံသည် တရုတ်- မြန်မာ ဖက်စပ်လုပ်ကိုင်နေသည့် စက်ရုံဖြစ်ပြီး အလုပ်သမား ၁၀၀ ကျော်ဖြင့် အထည်နှင့် ဘောင်းဘီ များ ချုပ်လုပ်လည်ပတ်နေသည့် စက်ရုံတစ်ရုံဖြစ်သည်။

“သူတို့ဖက်က အော်ဒါမရှိလို့ပိတ်တာပြောတယ် အလုပ်သမားတွေကတော့ စက်ရုံထဲမှာပဲနေနေတယ် သူတို့မရှိချိန် စက်တွေအလုပ်ရှင်က လာသိမ်းမှာစိုးလို့လေ လစာလဲ အပြည့်မရဘူးလေ၊ခုထိတော့ လာပြီးအလုပ်ရှင်က ဖြေရှင်းပေးတာမရှိသေးဘူး”ဟု STUMမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ စက်ရုံပိတ်သိမ်းမှုကြောင့် စက်ရုံရှိ အလုပ်သမားများအနေဖြင့် လုပ်ခလစာနှင့် နို့တစ်ကြေးများ မရရှိသေးတာကြောင့် စက်ရုံတာဝန်ရှိသူများဘက်မှ လာရောက် ဖြေရှင်းပေးရန် လက်ရှိအချိန်ထိ စောင့်ဆိုင်းနေကြစဲ ဖြစ်သည်။

ဓာတ်ပုံ -STUM
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အထည်ချုပ်စက်ရုံ #စက်ရုံပိတ်သိမ်း #လုပ်ခလစာ #အလုပ်သမားအခွင့်အရေး

Related News

Depend on news