အီရန်ကို အနိုင်ယူဖို့ နာမည်ကြီး အင်္ဂလန်တို့ ဘယ်လိုပြင်ဆင်ထားသလဲ

Author မောင်ရှမ်း
Categories
Published on Nov 21, 2022

ဒီည ၇ နာရီ ၃၀ မိနစ်မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဒုတိယမြောက်ပွဲစဉ်အဖြစ် နာမည်ကြီး အင်္ဂလန်နဲ့ အီရန်တို့ကစားသွားဖို့ ရှိနေပါတယ်။ အင်္ဂလန်အသင်းရဲ့နည်းပြ ဆောက်ဂိတ်ကတော့ ပုံမှန်အသုံးပြုနေတဲ့ ၃-၅-၂ ပုံစံကို ပြောင်းလဲပြီး နောက်တန်း ၄ ယောက်ထားတဲ့ ကစားကွက်ကို အသုံးပြုလာဖို့ ရှိတယ်လို့ The Sun သတင်းစာက ခန့်မှန်းထားခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်အသင်းရဲ့တိုက်စစ်ပိုင်းမှာလည်း မန်စီးတီးကြယ်ပွင့် ဖိုဒန်က ပွဲထွက်စာရင်းမှာ ပါဝင်လာမှာမဟုတ်ဘူးလို့ သိရပါတယ်။

The Sun က ခန့်မှန်းခဲ့တဲ့ လူစာရင်းမှာတော့ ဂိုးသမားနေရာမှာ ပစ်ဖိုဒ့်၊ ဗဟိုခံစစ်မှာ မက်ဂွိုင်းယားနဲ့ ဂျွန်စတုန်း၊ ဘယ်ညာခံစစ်အစွန်နှစ်ဘက်မှာ လုခ်ရှောနဲ့ ထရစ်ပီယာ၊ ကွင်းလယ်သုံးယောက်တန်းမှာတော့ မေဆန်မောင့်၊ ဒီကလန်ရိုက်စ်နဲ့ ဘယ်လင်ဟမ်၊ တိုက်စစ်ဘယ်တောင်ပံမှာ စတာလင်၊ ညာတောင်ပံမှာ ဆာကာနဲ့ အထောင်တိုက်စစ်မှာတော့ ဟာရီကိန်းက ဦးဆောင်လာမယ်လို့ သိရပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရဲ့ ပြောဆိုမှုအရ နောက်ခံလူ ဝေါလ်ကာနဲ့ ကွင်းလယ်လူ မက်ဒီဆင်တို့ဟာ ဒဏ်ရာပြဿနာကြောင့် ဒီနေ့ပွဲကို လွဲချော်သွားမယ်လို့ သိရပါတယ်။

နာမည်ကြီးအင်္ဂလန်အသင်းအနေနဲ့ အဖွင့်ပွဲစဉ်မှာ ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဖီဖာရဲ့အဆင့်သတ်မှတ်ချက်အရ အင်္ဂလန်အသင်းဟာ ကမ္ဘာ့အဆင့် ၅ မှာ ရပ်တည်နေပြီး အီရန်ကတော့ အဆင့် ၂၀ မှာ ရှိနေတဲ့အသင်းလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- The Sun