ပါကစ္စတန်ကနေ ၁၀ ဒေါ်လာစားတွေ ခေါ်ယူထားတဲ့ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာ

Author မောင်ရှမ်း
Categories
Published on Nov 18, 2022

 

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အိမ်ရှင် ကာတာနိုင်ငံဟာ ကွင်းအတွင်းပရိသတ်တွေပြည့်နေစေဖို့အတွက် ပါကစ္စတန်နိုင်ငံကနေ အခကြေးငွေပေးကာ ပရိသတ်တွေကို ခေါ်ယူထားတယ်လို့ သိရပါတယ်။ ကာတာနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်မယ့် ပရိသတ်တွေရှိနေခဲ့လို့ ကွင်းအတွင်း ထိုင်ခုံအများအပြား လစ်လပ်နေမှာကို ပြိုင်ပွဲတာဝန်ရှိသူတွေက စိုးရိမ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပါကစ္စတန်နိုင်ငံကနေ ဘောလုံးပွဲကြည့်ဖို့အတွက် နေ့စားတွေကို ခေါ်ယူခဲ့ပြီး လူတစ်ယောက်ဟာ တစ်နေ့ကို ၁၀ ဒေါ်လာရရှိမယ့်အပြင် အစားအသောက် ၃ ကြိမ် ကျွေးမွေးမှာဖြစ်ပြီး နေရာထိုင်ခင်းလည်း စီစဉ်ပေးတယ်လို့ သိရပါတယ်။

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #အားကစားသတင်း #ကမ္ဘာ့ဖလား