ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကျားသစ်မ ရွှင်ရွှင်က ဒုတိယမြောက် သားပေါက် မွေးဖွား

Author CJ Platform
Categories
Published on Nov 12, 2026

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကျားသစ်မ ရွှင်ရွှင်က ဒုတိယမြောက် ကျားသစ်သားပေါက်တစ်ကောင်ကို အောက်တိုဘာ ၂၁ ရက် မနက် ၁ နာရီခွဲခန့်မှာ အောင်မြင်စွာ မွေးဖွားခဲ့တယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ထုတ်ပြန်ထားပါတယ်။

 

ဒီသားပေါက်လေးဟာ ကျားသစ်မ ရွှင်ရွှင်ရဲ့ ဒုတိယမြောက် သားပေါက်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်မျိုးစိတ်တွေ ရေရှည်တည်တံ့ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေအတွက် အားတက်ဖွယ်ဖြစ်တယ်လို့ တိရစ္ဆာန်ဥယျာဉ်က ဆိုပါတယ်။

 

လက်ရှိမှာ ကျားသစ်မ ရွှင်ရွှင်နဲ့ သားပေါက်လေးတို့ရဲ့ ကျန်းမာရေး၊ သဘာဝအပြုအမူနဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေအတွက် သင့်လျော်တဲ့ ပတ်ဝန်းကျင်နဲ့ စောင့်ရှောက်မှုတွေ ပေးအပ်ဖို့ လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

 

ကျားသစ်တွေဟာ သဘာဝဂေဟစနစ်ရဲ့ ဟန်ချက်ညီမှုကို ထိန်းသိမ်းရာမှာ အရေးပါတဲ့ သားရဲတိရစ္ဆာန်တွေဖြစ်ပေမဲ့ သဘာဝနေရင်းဒေသတွေ ပျက်စီးဆုံးရှုံးမှု၊ တရားမဝင် အမဲလိုက်ဖမ်းဆီးမှုနဲ့ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွေကြောင့် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ဖော်ပြထားပါတယ်။

 

ဒါကြောင့် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ထိန်းသိမ်းရာမှာ တိရစ္ဆာန်တွေကိုသာမက သူတို့ရဲ့ သဘာဝနေရင်းဒေသတွေကိုပါ ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

 

 

Related News

Depend on news