တိုက်ပွဲပြင်းထန်နေသည့်ရခိုင်မှာ ဒေသခံများ အသက်ဆက်လက်ရှင်သန်နိုင်ရန် ခက်ခဲနေ

Published on Aug 24, 2022

🖋ခေတ်နီ
ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်ကြားမှာ ဖြစ် ပွား နေသည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ဒေသခံများ လုံခြုံစိတ်ချစွာ အသက်ဆက်လက် ရှင်သန်နိုင်ရေးအတွက် အခြေအနေတွေ ဆက်လက်ဆိုးရွားနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန် ထားသည်။
မောင်တောမြို့နယ်မြောက်ပိုင်းရှိ ဝေလာတောင်တွင် လက်နက်ကြီးများ အသုံးပြုပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ရသေ့တောင်မြိုနယ်အတွင်းရှိ အိမ်ထောင်စု ၁၀၀ ခန့် လူဦးရေ ၃၆၄ ဦးဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဒေသခံအဖွဲ့အစည်းများက ကူညီပေးထားရသည်။
ထို့အပြင်၂၀၂၂ခုနှစ် ဩဂုတ်လဆန်းပိုင်းက တည်းက စပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ လက်နက်ကိုင်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ဘက်ကို ဆေးဝါးနဲ့ စားနပ်ရိက္ခာသယ်ယူပို့ဆောင် မှုကို ကန့်သတ်ထားပြီး၊ ကုန်းလမ်းနှင့် ရေလမ်းပိတ် ဆို့ထားတာ အပါအဝင် နေရာအများအပြားမှာ လုံခြုံရေးတင်းကျပ်ထားတာပဲ ဖြစ်သည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပလက်ဝမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူဦးရေ ၅,၅၀၀ နီးပါးထိရှိနေပြီး ‌ဒေသခံအဖွဲ့တွေက နေရပ်စွန့်ခွာလာသူများကို အခြေခံလိုအပ်ချက်များ ကူညီပေးနေသော်လည်း ရွှေ့ပြောင်းနေထိုင်ရသည့် နေရာအများစုသည် တားမြစ်ကန့် သတ်ချက်များကြောင့် သွားရောက်ကူညီဖို့ခက်ခဲနေတယ်လိုလဲ UNOCHA၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။