ဘိုကလေးမှာ ကဏန်းပိုက်ထောင်နေတဲ့ လူငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံး

Author CJ Platform
Categories
Published on Apr 28, 2026

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် မိန်းမလှကျွန်းအနီး အမဲချောင်းအတွင်းမှာ ဧပြီ ၂၇ ရက် ည ၇ နာရီခန့်မှာ ကဏန်းပိုက်ထောင်နေတဲ့ လူငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံးသွားတယ်လို့ စစ်အုပ်စုလက်အောက်ခံ ဘိုကလေးမြို့နယ် ထွေအုပ်က ထုတ်ပြန်ထားပါတယ်။

 

ချောင်းဗြဲကြီးကျေးရွာအုပ်စု ကံဆိပ်ကျေးရွာနေ မောင်မိုးဝေယံ (၁၈) နှစ်မှာ အမဲချောင်းအတွင်း ကဏန်းပိုက်ထောင်နေစဉ် အလျား ၁၅ ပေခန့်၊ ဗြက် ၃ ပေခန့်ရှိ မိကျောင်းတစ်ကောင်က လှေနံဘေးကို လှမ်းကိုက်ရာမှ လှေလူးကာ မောင်မိုးဝေယံ ရေထဲပြုတ်ကျသွားပြီး မိကျောင်းက ကိုက်ချီဆွဲသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

မိကျောင်းဆွဲခံရသူ မောင်မိုးဝေယံကို ဒေသခံတွေက လိုက်လံရှာဖွေရာ ည ၈ နာရီခန့်မှာ အမဲချောင်းအတွင်း ဝဲလက်ဖျံပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲလက်ခုံ ပေါက်ပြဲဒဏ်ရာ ၅ ချက်၊ ခါးနောက်ဘက် ပေါက်ပြဲဒဏ်ရာ ၇ ချက်နဲ့ သေဆုံးနေတာကို ပြန်လည်တွေ့ရှိရပြီး စက်ဆန်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းဟာ သဘာဝမိကျောင်းထိန်းသိမ်းရေးစခန်းတစ်ခုဖြစ်ပြီး မိကျောင်းမြူးတဲ့အချိန်တွေမှာ အနီးဝန်းကျင်ကျေးရွာက ရေလုပ်သားတွေ မိကျောင်းတိုက်ခိုက်ခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

 

ဓာတ်ပုံ – ဘိုကလေးထွေအုပ်

 

 

Related News

Depend on news