စုံ၊မ ခွဲခြားတာကို မလိုက်နာရင် အာမခံ မရဘူးလို့ အရည်ကြိုပြော

Author CJ Platform
Categories
Published on Mar 09, 2026

စက်သုံးဆီချွေတာရေးဆိုကာ စစ်အုပ်စုက အိမ်စီးမော်တော်ယာဉ်တွေကို ယာဉ်နံပါတ်အလိုက် ‘စုံ’ နေ့မှာ ‘စုံ’ ကားတွေကိုပဲ မောင်းနှင်စေပြီး ‘မ’ နေ့မှာ ‘မ’ ကားတွေကိုသာ မောင်းနှင်ရမယ်လို့ ညွှန်ကြားချက် ထုတ်ထားမှုအပေါ် အာမခံကုမ္ပဏီတွေကပါ အားပေးထောက်ခံခဲ့ပြီး စုံရက်မှာ မကားမောင်းနှင်လို့ ယာဉ်တိုက်မှုဖြစ်တာ၊ မရက်မှာ စုံကားမောင်းနှင်လို့ ယာဉ်တိုက်မှုဖြစ်တာတွေကို အာမခံလျော်ကြေးပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 

အာမခံကုမ္ပဏီတွေရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ အရည်ကြိုက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “စုံ / မ ကားများ အာမခံထားသော်လည်း၊ စုံရက် – မ ထွက်လျှင် လျော်ကြေးမရနိုင်ပါ။ မရက် – စုံထွက်လျှင် လျော်ကြေးမရနိုင်ပါ” လို့ ရေးသားပြီး အသိပေးထားပါတယ်။

 

စစ်အုပ်စုရဲ့ စုံ၊ မ ခွဲခြားမှုမှာ မော်တော်ဆိုင်ကယ်တွေပါ ပါဝင်နေပြီး ဒေသအချို့မှာ မော်တော်ဆိုင်ကယ်တွေရဲ့ ယာဉ်နံပါတ်ပြားရဲ့ ရှေ့ဆုံးဂဏန်းကို စုံ၊ မ ခွဲပြီး ဒေသအချို့မှာ နောက်ဆုံးဂဏန်းကို စုံ၊ မ ခွဲတာကြောင့် ဝေဖန်မှုတွေလည်း ကြုံတွေ့နေရပါတယ်။

 

ဒါ့အပြင် မော်တော်ဆိုင်ကယ်ကိုသာ အဓိကအသုံးပြုပြီး သွားလာနေရတဲ့ နယ်မြို့တွေမှာ စုံ၊ မ သတ်မှတ်ချက်ကြောင့် ကုန်စည်ပို့ဆောင်ရေးကနေ ခရီးသွားလာရေး၊ နေ့စဉ်လုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေးအတွက်ပါ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

 

 

 

Related News

Depend on news