မြောင်းမြမှာ စစ်မှုထမ်းမဲပေါက်ကြောင်း သွားပြောတဲ့ အုပ်ကြီးနဲ့ထွေအုပ်စာရေး ဓားနဲ့ခုတ်ခံရပြီး စာရေးလက်ပြတ်သွား

Author CJ Platform
Categories
Published on Jul 22, 2025

ဧရာဝတီတိုင်း မြောင်းမြမြို့ လပွတ်ကုလားကျေးရွာအုပ်စု သရက်ကုန်းကျေးရွာမှာ ဇူလိုင် ၂၂ရက်နေ့ နေ့လယ်ပိုင်းက စစ်မှုထမ်းမဲပေါက်ကြောင်း သွားအကြောင်းကြားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးတစ်ဦး ဓားနဲ့ လိုက်ခုတ်ခံရပြီး စာရေးဖြစ်သူ လက်ပြတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

လပွတ်ကုလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ စာရေးဖြစ်သူဟာ သရက်ကုန်းကျေးရွာ ပြည်သူတစ်ဦးဖြစ်သူ ဦးစိန်ထွန်းနေအိမ်ကို သွားရောက်ပြီး “စိန်ထွန်းရေ မင်းသား မဲပေါက်တယ်ကွ”ဆိုပြီး အုပ်ချုပ်ရေးမှူးက ပြောကြားချိန်မှာ ဦးစိန်ထွန်းက စိတ်ဆိုးပြီး ဓားနဲ့လိုက်ခုတ်ရာမှာ စာရေးဖြစ်သူကို ဓားနဲ့ခုတ်မိပြီး လက်ပြတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အခင်းဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဦးစိန်ထွန်းကို လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

 

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်