တရုတ်က တိဘက်ကုန်းပြင်မြင့်ပေါ်မှာ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ကို စတင်တည်ဆောက်

Author CJ Platform
Categories
Published on Jul 21, 2025

တရုတ်နိုင်ငံက တိဘက်မှာရှိတဲ့ ယာလုံဇန်ဘိုမြစ်ပေါ်မှာ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ကို စတင်တည်ဆောက်နေပြီဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

 

ဒီစီမံကိန်းဟာ ဒေါ်လာ ၁၇၀ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး ယူကေနိုင်ငံက တစ်နှစ်အတွင်း သုံးစွဲတဲ့ လျှပ်စစ်ပမာဏလောက်ကို ထုတ်လုပ်ပေးနိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ဒီဆည်မှာ တစ်နှစ်ကို ကီလိုဝပ်နာရီပေါင်း ဘီလီယံ ၃၀၀ ထုတ်လုပ်နိုင်မယ့် ရေအားလျှပ်စစ်စက်ရုံ ငါးခု ပါဝင်မှာဖြစ်ပါတယ်။

 

ဒီကြီးမားတဲ့ ဆည်ဆောက်လုပ်ရေးစီမံကိန်းကြောင့် တရုတ်စတော့ဈေးကွက်တွေ၊ အထူးသဖြင့် ဆောက်လုပ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ ရှယ်ယာဈေးတွေ မြင့်တက်ခဲ့တယ်။

 

အရာရှိတွေကတော့ ဒီဆည်ဟာ တိဘက်ရဲ့ လျှပ်စစ်လိုအပ်ချက်ကို ပံ့ပိုးပေးပြီး စီးပွားရေးတိုးတက်မှုကို အားပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကတော့ မြစ်အောက်ပိုင်း ရေဖူလုံရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားတယ်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကလည်း ထိခိုက်လွယ်တဲ့ ဂေဟစနစ်ကို အန္တရာယ်ဖြစ်စေနိုင်တာနဲ့ ငလျင်အဖြစ်များတဲ့ ဒေသဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေ ပိုများလာနိုင်တယ်လို့ သတိပေးထားပါတယ်။

 

ဒီဆည်ကိုတော့ ၂၀၃၀ ပြည့်လွန်နှစ်တွေမှာ အပြည့်အဝ လည်ပတ်နိုင်မယ်လို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

 

Source – BBC

 

ဓာတ်ပုံ – BBC