မြန်မာစစ်တပ်မှ မည်သူမဆို မိမိတို့ နယ်မြေပိုင်နက် သို့ လာရောက်သည့်အခါ တရားစွဲပေးရန် အဖွဲ့၀င်လွှတ်တော်များသို့ IPU တောင်းဆို

Author လင်းခိုင်
Categories
Published on Oct 23, 2022

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် စစ်တပ်က တာ၀န်ရှိသူ မည်သူ့ကိုမဆို မိမိတို့ နယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲဆိုခြင်း လုပ်ဆောင်ပေးရန် အဖွဲ့၀င်လွှတ်တော်များက သက်ဆိုင်ရာ အာဏာပိုင်များကို လေးလေးနက်နက်တိုက်တွန်းပေးရန် အောက်တိုဘာ ၁၅ ရက်ကရ၀မ် ဒါနိုင်ငံ၌ ကျင်းပဲ့သည့် ၂၁၀ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့၏ အမှုဆောင်ကော်မတီအစည်းအဝေး(210TH Session the IPU Governing Council)က တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း CRPH က ယနေ့တွင် ထုတ်ပြန်ထားသည်။

ယင်းအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာပါ မြန်မာလွှတ်တော်ကိုယ် စားလှယ်များအပေါ် အကြမ်းဖက် စစ်တပ်က ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်နေမှုများ နှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်အား အတည်ပြုခဲ့ပြီး တောင်းဆိုချက် ၉ ချက်ဖြင့် ထည့်သွင်းတောင်းဆိုခဲ့ခြင်း ဖြစ် သည်။

အာဏာသိမ်းသည့်နေ့မှ စတင်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အကြောင်းပြချက်မဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၇ ဦးရှိပြီဖြစ်ကာ ၃၀ ဦးသည် ဖမ်းဆီးထိမ်းသိန်းခံထားရဆဲ ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် ယင်းတို့၏ အခြေခံ လူ့အခွင့် အရေးကို ကျင့်သုံးခဲ့သည်မှ အပ အခြားပြစ်မှုများ ကျူးလွန်ကြောင်း အထောက်အထားခိုင်လုံစွာ မပြ သနိုင်ခြင်းကြောင့် ပြန်လွှတ်ပေးရန် စစ်တပ်အာဏာပိုင်များကို တောင်းဆိုထားသည်။

ထို့ပြင် CRPH အဖွဲ့၀င်များအပါအ၀င် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ်များနှင့် တစ်ညီတစ်ညွတ်တည်းရပ်တည်ကြောင်းပြသရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုက ရေစီ စည်းမျဉ်း၊ စည်းကမ်းများနှင့် လူ့အခွင့်အရေးများအပေါ် လေစားလိုက်နာမှုရှိစေရေး ဖိအားပေးရန် IPU အဖွဲ့၀င်လွှတ်တော်များ၊ အမြဲတမ်းလေ့လာသူများ၊ အထူးသဖြင့် အာဆီယံ ပါလီမန်များညီလာခံ (AIPA)များကို တောင်းဆိုထားသည်။

ဆုံးဖြတ်ချက်များတွင် စစ်တပ်အာဏာပိုင်များသည် ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ဆန္ဒမရှိမှုကို ပြသခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စစ်တပ်အာဏာပိုင်များ အာဆီယံ အစည်းအဝေးများမှ ဖယ်ကျဉ်ထားခဲ့ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် စစ်တပ်သည် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများအား ကျူးလွန်ပြီး၊ အစအနဖျောက် ဖျက်ခြင်း၊ အကျဉ်းချခြင်းနှင့် ညှင်းပန်းနှိပ်စက်မှုများကို ကျင့်သုံးမှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုတစ်ခုဖြစ်ကြောင်း၊ တရားရေးဆိုင်ရာ အရေးယူမှုနှင့် တာ၀န်ခံမှုတို့မှ အကြမ်းဖက် စစ်တပ် တာ၀န်ရှိသူများကို အကာအကွယ်ပေးနေခြင်းကြောင့် ပြစ်ဒဏ်မှ ကင်းလွန်နေသည်ဟု တောင်းဆိုချက် တွင် ထည့်သွင်းဖော်ပြထားသည်။

Related News

Depend on news