စစ်ကောင်စီသည် မရိုးသားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လုပ်ဆောင်နေပြီး နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုမည်မဟုတ်ဟု ကရင်နီပြည်တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား

Author လင်းခိုင်
Categories
Published on Oct 22, 2022

စစ်ကောင်စီသည် မရိုးသားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လုပ်ဆောင်နေပြီး နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုမည်ဟုတ်ကြောင်း ကရင်နီပြည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက ပြောကြားသည်။

ယနေ့တွင် ပြုလုပ်သည့် ကရင်နီပြည် တပ်မတော် အခြေခံစစ်သင်တန်း အပတ်စဉ် ၇၄ သင်တန်းဆင်းပွဲအခမ်းအနား၌ ဗိုလ်ချုပ်ဘီထူးက မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

ကရင်နီအမျိုးသားများသည် ခေတ်အဆက်ဆက် ဖိနှိပ်မှုမှ လွတ်မြောက်နိုင်ရန် အမျိုးသားခုခံတော်လှန် ရေးကို ဆင်နွှဲလာသည်မှာ နှစ်ပေါင်း ၇၄နှစ်တိုင်ကြာခဲ့ပြီဖြစ်ကာ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်မှန်သမျှကို အမြတ်ပြတ်ခြေမှုန်းရန် ကရင်နီတစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးတွင် ပါ၀င်လာကြသည်ဟု ဗိုလ်ချုပ်ဘီထူးက ပြောကြားသည်။

တိုင်းပြည်အာဏာကို မတရားလုယူသိမ်းပိုက်ထားသည့် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် ပြည်သူတစ်ရပ်လုံး၏ ဆန့်ကျင်တော်လှန်မှုကို ဘက်ပေါင်းစုံက ခံနေရသည့်အပြင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များ၏ တော်လှန်တိုက်ခိုက်မှုကို ခံနေရသည့်အပြင် ပြည်တွင်း ပြည်ပ နိုင်ငံတကာ ဖိအားများကို ရင်ဆိုင် နေရကြောင်း၊ ထို့ကြောင့် ခေတ်အဆက် စစ်အာဏာရှင်များ လုပ်ခဲ့သည့်အတိုင်း စစ်ကောင်စီသည် မရိုးသားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဗိ်ုလ်ချုပ်ဘီထူးက ဆက်လက်ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေး စကားဝိုင်းကို နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချပြီး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဖိတ်ခေါ်နေသော်လည်း ကရင်နီအမျိုးသားများအနေဖြင့် စစ်ကောင်စီ၏ ဟန်ပြ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ဘဲ စစ်ကောင်စီကို နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုမည်မဟုတ်ကြောင်း၊ စစ်ကောင်စီကို ဆန့်ကျင်သည့် ပြည်သူတစ်ရပ်လုံးနှင့် ကရင်နီပြည်တပ်မတော်သည် အမြဲရပ်တည်ကြောင်း ဗိုလ်ချုပ်ဘီထူးက ပြောသည်။

အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းနိုင်ရန် ကရင်နီတစ်မျိုးသားလုံး ညီညွတ်ဖို့အရေးကြီးကြောင်း၊ စစ်ကောင်စီသည် ကရင်နီတစ်မျိုးသားလုံးကို သပ် သျှိုသွေးခဲနေပြီး သတိကြီးကြီးထားကာ ရန်သူ ၏ လှည့်ကွက်ထဲ မ၀င်မိရန်လိုအပ်ကြောင်း၊ ညီညီညွတ်ညွတ်ဖြင့် လက်တွဲဆောင်ရွက်မှ သာလျှင် တော်လှန်ရေးအောင်မြင်နိုင်မည်ဟု ဗိုလ်ချုပ်ဘီထူးက ပြောကြားသည်။