ငလျင်ဘေးကျရောက်တဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေလို့ ရန်ကုန်မှာဆန္ဒပြ

Author CJ Platform
Categories
Published on Apr 10, 2025

အင်အားပြင်း စစ်ကိုင်းမြေငလျင်ဘေးဒဏ်ခံစားရတဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် ရန်ကုန်မြို့မှာ ရန်ကုန်လူထုသပိတ်အဖွဲ့က ဒီကနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

 

စစ်ကိုင်းငလျင်ကြီးကြောင့် သဘာဝဘေးအန္တရာယ်များကျရောက်နေတဲ့ ကာလမှာ နင်းစရာမြေမရှိ နေစရာအိမ်မဲ့ခဲ့ရတဲ့ ပြည်သူတွေကို ပြေးစရာမြေပါမကျန် လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာ လေးကြောင်းတိုက်ခိုက်များ ပြုလုပ်နေတာကို ကမ္ဘာကသိအောင် ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ MILITARY AIRSTRIKE IS THE REAL FUCKING DISASTER ၊ MILITARY AIRSTRIKE IS REAL FAULT “ ခေါင်းစဉ်နဲ့ လှုပ်ရှားဆန္ဒပြခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေတာကို ထုတ်ဖော်ပြသတာဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဟာ မည်သည့်သဘာဝဘေးကာကွယ်ပြင်ဆင်မှုကိုမှ မလုပ်ပေးတဲ့အပြင် ပြည်သူကိုဗုံးကြဲ လူသတ်တဲ့အလုပ်သာလုပ်ပြီး ကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုရေးအဖွဲ့များစွာကိုပင် တားဆီး ကန့်သက်မှုတွေလုပ်ခဲ့တာကြောင့် မနှောင့်နှေးသင့်ပဲ နှောင့်နှေးခဲ့ရပြီး အသက်တွေ ပိုဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းကြောင့် နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုတွေ ခံစားနေရတဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ကယ်ဆယ်ကူညီပေးမှုမရှိတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှု အကြိမ်ကြိမ်ပြုလုပ်နေတာကြောင့် အာဏာသိမ်းစစ်အစိုးရအား ဆန့်ကျင်တော်လှန်တိုက်ထုတ်ကြဖို့ ရန်ကုန်လူထုသပိတ်က တပ်လှန့်နှိုးဆော်ထားပါတယ်။

 

ဓာတ်ပုံ – ရန်ကုန်လူထုသပိတ် – Yangon People’s Strike