ဖားအံမြို့နယ်က ကျေးရွာနှစ်ခုကို စစ်ကောင်စီ ဗုံးကြဲ ဘုန်းကြီးကျောင်းအပါအဝင် ထိခိုက်ပျက်စီးမှုများပြား

ကရင်ပြည် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ဒူးသထူခရိုင် ဖားအံမြို့နယ် မဲသနယ်ကျေးနယ် မဲသနကျေးရွာနဲ့ ဖီးကျော်ခီးကျေးရွာအနီးကို စစ်ကောင်စီတပ်က မတ် ၁ရက်နေ့ မနက် ၆နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းအပါအဝင် ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့ကြောင်း KNU ဒူးသထူခရိုင်က သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီဟာ ၁၂၀ မမ ဗုံးသီးတွေနဲ့ လက်လုပ်ကော်ဗုံးသီးတွေကို အသုံးပြုပြီး ကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဗုံးကျဲတိုက်ခိုက်မှုကြောင့် မဲသနတောင်ခြေ ဘုန်းကြီးကျောင်းက ဘုရားကျောင်းဆောင် မှန်နှစ်ချပ်နဲ့ ထီးကျော်ထီးကျေးရွာက နေအိမ်တစ်လုံး ခေါင်မိုးထိမှန် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မဲသနကျေးရွာမှာ ကျောင်းသူကျောင်းသားတွေ ကျောင်းမတက်ရဲဘဲ ဒေသခံပြည်သူတွေဟာလည်း လုပ်ငန်းခွင်ကို မသွားရဲကြဲ ကြောက်ရွံ့နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – KNU