“အမြင့်ဈေးကနေဆက်တက်လာတဲ့ ရွှေဈေး” “ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ)

ပြင်ပရွှေဈေးနှုန်းတွေဟာ ဒီနှစ်ထဲ အမြင့်ဘက်ကို ရောက်ရှိနေပြီး အခု ဖေဖော်ဝါရီ ဒုတိယပတ်ထဲအထိ အမြင့်ဘက်ကို ဆက်တက်နေတာကို တွေ့ရပါတယ်။
အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ၆၅ သိန်းဝန်းကျင်အထိ မြင့်တက်လာခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ ၆၇ သိန်းအထိ ဆက်လက်ဖြစ်ပေါ်နေခဲ့တာ တွေ့ရပါတယ်။
ဒီတစ်ပတ်ထဲ အမြင့်ဆုံးအနေနဲ့ ဖေဖော်ဝါရီ ၁၄ သောကြာနေ့မှာ ၁၆ ပဲရည်တစ်ကျပ်သား ၆၇ သိန်း ၂ သောင်း အထိမြင့်တက်ခဲ့ပေမဲ့ အပိတ်နေ့ စနေမှာတော့ တစ်ကျပ်သား ၆၇ သိန်း ခုနစ်သောင်းကျပ်ကို ပြန်လည်ကျဆင်းခဲ့ပါတယ်။
တစ်ပတ်လုံး အတိုင်းအတာအရ အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် တစ်သိန်းခွဲ မြင့်တက်သွားတာကို တွေ့ရှိရပြီး စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)ရဲ့ ရည်ညွှန်းရွှေဈေးနှုန်းတွေလည်း တစ်ကျပ်သားကို လေးသောင်းကျပ် ထပ်မံမြင့်တက်လာတာ တွေ့ရပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ရွှေဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပြီး ဒီတစ်ပတ်တနင်္လာနေ့က တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၈၆၀ ကျော်ကနေ စနေနေ့မှာတော့ ၂၈၈၀ ကျော်အထိ မြင့်တက်ခဲ့တဲ့အတွက် တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀ နီးပါး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီ မီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ၆၁ သိန်းကျော်၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၇ သိန်းရှိခဲ့ပြီး YGEA ရည်ညွှန်းဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၅၅ သိန်း နှစ်သောင်းကျပ်ဈေးဖြစ်ပါတယ်။