အဆိုတော် စောအယ်စေးမူးရဲ့ ဈာပနကို မဲဆောက်မြို့ ဆာသူးလေကျောင်းမှာ ပြုလုပ်မယ်

Author CJ Platform
Categories
Published on Feb 11, 2025

ကရင်အဆိုတော် စောအယ်စေးမူးရဲ့ ဈာပနကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ ဆာသူးလေကျောင်းမှာ ဖေဖေါ်ဝါရီ ၁၂ရက်နေ့ မနက် ၉နာရီမှာ ပြုလုပ်သွားမယ်လို့ စောအယ်စေးမူး မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဆိုတော် စောအယ်စေးမူးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖေဖေါ်ဝါရီ ၈ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး မဲဆောက်မြို့ကို ရုပ်အလောင်း ပြန်လည်သယ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

 

“သေဆုံးရတဲ့ အကြောင်းအရင်းကတော့ Sucide လို့ပဲပြောရမှာပဲ၊ ဖြစ်စဉ်အသေးစိတ်ကို မသိတော့ ပြောပြရခက်ပါတယ်” လို့ စောအယ်စေးမူးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ကရင်အဆိုတော် စောအယ်စေးမူးဟာ Galaxy star 2017 တွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာကနေ အောင်မြင်ခဲ့ပြီး မြန်မာသီချင်းနဲ့ ကရင်သီချင်းပေါင်းများစွာကို သီဆိုခဲ့ကာ ကွယ်လွန်ချိန်မှာတော့ အသက် ၃၁ နှစ်ရှိပြီဖြစ်ပါတယ်။

သူ့ရဲ့ ဈာပနကိုတော့ ဆာသူးလေဘုရားကျောင်းမှာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ထုံးတမ်းစဉ်လာအတိုင်း မြေချဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနားပြုလုပ်မှာဖြစ်ပြီး မနက် ၁၀ နာရီမှာတော့ ဆာသူးလေကျောင်းကနေ မဲ့ကဆာခရစ်ယာန် သင်္ချိုင်းကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုတော် စောအယ်စေးမှူးဟာ ပြီးခဲတဲ့လ ဇန်နဝါရီလ ၇ ရက်နေ့က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့မှာလည်း တေးသီချင်းများနဲ့ သွားရောက်ဖျော်ဖြေခဲ့ပါသေးတယ်။

 

အဆိုတော်နန့်ချစ်နဒီဇော်နဲ့ တွဲဖက်သီဆိုထားတဲ့ “မလွမ်းချင်နေပါ မမေ့နဲ့” သီချင်းဟာ ပရိတ်သတ်တွေ အကြိုက်ဖြစ်ခဲ့ရပြီး လက်ရှိအချိန်ထိနားထောင်၍ မရိုးနိုင်သော သီချင်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

Related News

Depend on news