ဘရော်နီကာရဲ့ One Championship ပွဲဦးထွက်အဖြစ် ဖရီစီကာဗီရာနဲ့ ယှဉ်ပြိုင်မယ်
ဘရော်နီကာရဲ့ One Championship ပွဲဦးထွက် ထိုးသတ်ပွဲကို ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ချီလီနိုင်ငံသူ အသက် (၂၅) နှစ်အရွယ် ဖရန်စီကာဗီရာနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
ဘရော်နီကာနဲ့ ONE Championship တို့ ဇန်နဝါရီလအတွင်းမှာ တရားဝင်စာချုပ်ချုပ်ဆိုပြီး တစ်ပတ်အတွင်း ထိုးသတ်ဖို့ အခွင့်အရေးရခဲ့တာလဲ ဖြစ်ပါတယ်။
ဘရော်နီကာရဲ့ ONE Championship စာချုပ်မှာ မွေ့ထိုင်းနှင့် Kickboxing ပြိုင်ပွဲ၊ ONE Fight Night နဲ့ ONE နံပါတ်ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့်တို့ပါဝင်ပြီး ဘရော်နီကာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ချီလီနိုင်ငံသူ ဖရန်စီကာဗီရာ ဟာ ONE Championship မှာ ငါးပွဲ ထိုးသတ်ကာ နှစ်ပွဲ နိုင်ပြီး သုံးပွဲမှာ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ဖူးပါတယ်။
ဓာတ်ပုံ – ဘရော်နီကာ Facebook