NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာ၀န်ကြီး ကိုရီးယားအာဏာပိုင်အစိုးရများနှင့်တွေ့ဆုံမည်

Author မွန်လေး
Categories
Published on Oct 18, 2022

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာ၀န်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းသည် ယနေ့တွင် ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ကိုရီးယားအာဏာပိုင်အစိုးရများနှင့် တွေ့ဆုံမည်ဟု တောင်ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် အောက်တိုဘာ ၂၂ရက်တွင် ကျင်းပပြုလုပ် မည့် နိုင်ငံတကာနှင့် မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲတက်ရောက်ရန် ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာ၀န်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက တောင်ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု၀န်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းသည် တောင်ကိုရီးယားနိုင်ငံတွင် ရက်သတ္တပတ်ကြာ နေထိုင်ကာ ကိုရီးယားသမ္မတနိုင်ငံအစိုးရ အာဏာပိုင်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ၊ ကိုရီးယားနိုင်ငံရောက်ချင်းတိုင်းရင်းသားများ၊ မြန်မာနိုင်ငံသားများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ပြည်ထောင်စု၀န်ကြီး ဒေါက်တာ လျန်မှုန်းဆာအား ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများက ကြိုဆိုခဲ့ကြောင်းလည်းသိရသည်။