“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (ဒီဇင်ဘာလ ၉ ရက်ကနေ ၁၄ ရက်နေ့အထိ)

Author အကြင်နာ
Categories
Published on Dec 15, 2024

“ဒီဇယ်ဆက်ကျပြီး အောက်တိန်းလည်း ပြန်ကျ”

 

ဒီတစ်ပတ်စက်သုံးဆီဈေးကွက်အတွင်း ဒီဇယ်ဆီဈေးနှုန်းတွေ ဆက်လက်ကျဆင်းပြီး မြင့်တက်ခဲ့တဲ့ အောက်တိန်း 92 ပြန်ကျသလို ငြိမ်နေတဲ့ 95 ဈေးလည်း ကျဆင်းသွားတာတွေ့ရပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)မှာ သွင်းကုန်လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်းနဲ့ ထိုင်းဘတ် သန်း ၄၀ ရောင်းချပေးမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ မှာထုတ်ပြန်ထားတာတွေ့ရပါတယ်။

 

ပြီးခဲ့တဲ့အပတ်ထဲ စစ်ကောင်စီဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)မှာ သွင်းကုန်လုပ်ငန်းရှင်တွေကို နိုင်ငံခြားထုတ်မရောင်းပေးခဲ့ပေမဲ့ ဒီတစ်ပတ် ဒီဇင်ဘာ ၁၀ ရက် အင်္ဂါနေ့မှာတော့ အမေရိကန်ဒေါ်လာ ၃၅ သန်းနဲ့ ထိုင်းဘတ် သန်း ၄၀ ရောင်းချပေးမယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

 

အဲဒီနောက် ဒီဇင်ဘာ ၁၃ ရက် သောကြာနေ့မှာ ရိုးရိုးဒီဇယ်တစ်လီတာကို ၄၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၆၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာကို ၂၅ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာကို ၃၀ ကျပ်ကျဆင်းသွားတာဖြစ်ပါတယ်။

 

စနေနေ့ စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၅၉၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၂၁၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၀၄၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၃၁၅၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

 

Source – Myanmar Market Price