“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (ဒီဇင်ဘာလ ၂ ရက်ကနေ ၇ ရက်နေ့အထိ)

Author အကြင်နာ
Categories
Published on Dec 08, 2024

“သုံးမျိုးတက်ပြီး 95 ငြိမ်နေတဲ့ စက်သုံးဆီဈေး”

 

ပြီးခဲ့တဲ့အပတ်ထဲ မြင့်တက်နေတဲ့ ဒီဇယ်ဈေး ပြန်လည်ကျဆင်းပေမဲ့ အောက်တိန်း 92 ဈေးထပ်မံမြင့်တက်သွားတာတွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက် တနင်္လာနေ့ကထက် ရိုးရိုးဒီဇယ်တစ်လီတာကို ၂၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၁၅ ကျပ်ကျဆင်းခဲ့ပြီး အောက်တိန်း 92 တစ်လီတာကို ၅၀ ကျပ်မြင့်တက်သွားပေမဲ့ အောက်တိန်း 95 ဈေးက ငြိမ်သက်နေပါတယ်။

 

စနေနေ့ စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၆၃၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၂၇၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၀၆၅ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာ ၃၁၈၀ ကျပ်ဈေးဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယ၊ တတိယနဲ့ နောက်ဆုံး သုံးပတ်ဆက် အမေရိကန်ဒေါ်လာ ၃၅ သန်း၊ ထိုင်းဘတ် သန်း ၅၀ နဲ့ တရုတ်ယွမ် ၁၀ သန်း စစ်ကောင်စီဗဟိုဘဏ်က ထုတ်ရောင်းပေးမယ်လို့ ကြေညာခဲ့ပေမဲ့ ဒီတစ်ပတ်ထဲတော့ အဲဒီလိုကြေညာတာမတွေ့ရပါဘူး။

 

 

Source – Myanmar Market Price