“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (နိုဝင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ)

Author အကြင်နာ
Categories
Published on Dec 01, 2024

“ဈေးအားလုံးပြန်တက်တဲ့ စက်သုံးဆီ”

 

နှစ်ပတ်ဆက်ကျဆင်းခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေ ဒီတစ်ပတ်ထဲ ပြန်လည်မြင့်တက်လာတာ တွေ့ရပါတယ်။

 

နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)ကနေ နိုဝင်ဘာ ဒုတိယပတ်အတွင်း စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်း၊ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၁ ရက်နေ့က သွင်းကုန်လုပ်ငန်းရှင်တွေကို ထိုင်းဘတ် သန်း ၅၀ နဲ့ ဒီတစ်ပတ် နိုဝင်ဘာ ၂၉ ရက် သောကြာနေ့မှာ သွင်းကုန်လုပ်ငန်းရှင်တွေကို တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

 

ဒီလို စစ်ကောင်စီက ဆက်တိုက်ထုတ်ရောင်းပေးနေပေမဲ့ စက်သုံးဆီဈေးတွေအားလုံး မြင့်တက်လာခဲ့တာပါ။

 

အကျဈေးနဲ့ငြိမ်နေတဲ့စက်သုံးဆီဈေးတွေအားလုံး အဲဒီနေ့မှာပဲ အောက်တိန်း 92 တစ်လီတာကို ၆၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၃၀ ကျပ်၊ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၃၅ ကျပ်စီ မြင့်တက်လာတာကို တွေ့ရပါတယ်။

 

ဒီတစ်ပတ် စနေနေ့ ရန်ကုန်စက်သုံးဆီဆိုင်ကြီးတွေမှာ အောက်တိန်း 92 တစ်လီတာ ၃၀၁၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၁၈၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၅၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၃၂၉၀ ကျပ်ဈေးဖြစ်ပါတယ်။

 

Source – Myanmar Market Price