နိုဝင်ဘာလ ၂၈ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်

Author CJ Platform
Categories
Published on Nov 28, 2024

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ဖို့ အလွန်နီးစပ်နေပြီလို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပြောကြားလိုက်ပါတယ်။

အဲဒီမုန်တိုင်းဟာ ယမန်နေ့ ည ၇ နာခွဲတိုင်းထွာချက်အရ ဆိုင်ကလုန်းလေတိုက်နှုန်းအထိ ရောက်လာတာတွေ့ရတယ်လို့ သူက ဆိုထားပါတယ်။

စစ်ကောင်စီမိုးဇလဘက်ကတော့ ဒီကနေ့မနက်ပိုင်းအထိ အဲဒီလိုခန့်မှန်းချက်ထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။