စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသမီးအခွင့်အရေးလုပ်ဆောင်သူများ လိမ်အကြမ်းဖက်ခံရဟု ကုလအစည်းအဝေးတွင် ဦးကျော်မိုးထွန်းတင်ပြ

Author လင်းခိုင်
Categories
Published on Oct 14, 2022

စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသမီးအခွင့်အရေးလုပ်ဆောင်သူများ လိမ်အကြမ်းဖက်ခံနေရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြခဲ့သည်။

၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေစည်းမျဉ်းမျးကို ချိုးဖောက်လျက် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို ဖမ်း၀မ်းရမ်းထုတ်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ရက်ရက်စက်စက်သတ်ဖြတ်ခြင်းများကို ကျူးလွန်နေပြီး လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများ၏ နေအိမ်များကို စီးနင်း၀င်ရောက်မွှေနောက်ခြင်းများ ပြုလုပ်နေကြောင်း သံအမတ်ကြီးက ကုလတွင် တင်ပြခဲ့သည်။

ထို့ပြင် ပိုင်ဆိုင်မှု ချိတ်ပိတ်ခြင်း၊ ဖျက်ဆီးခြင်း၊ မိသားစု၀င်များကို ဓားစားခံအဖြစ် ဖမ်းဆီးခြင်းတို့ကို ကျူးလွန်သည့်အပြင် ဖမ်းဆီးချုပ်နှောင်ခံရသည့် အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကိုလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြုကျင့်ခံရသူများရှိကြောင်း သံအမတ်ကြီးက ပြောကြားသည်။

စစ်တပ်သည် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများပေါ်တွင် ကန့်သတ်ချက်များ ချမှတ်ကာ လူ့အခွင့်အရေးနယ်ပယ်တွင် ပါ၀င်လုပ်ဆောင်နေသူများကို တစ်ဦးချင်းအားဖြင့်လည်းကောင်း၊ အဖွဲ့အစည်းအားဖြင့် လည်းကောင်း စောင့်ကြည့်ကာ အလျဉ်းသင့်သလို စုံစမ်းစစ်ဆေးနေပြီး၊ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေသည်ဟု သံအမတ်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာပြည်သူများအနေဖြင့် အဆိုပါ အခြေအနေကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုက်အ၀န်းသို့ အထပ်ထပ်အခါခါထောက်ပြသော်လည်း ရပ်တန့်သွားခြင်းမရှိဘဲ ပိုမိုကျယ်ပြန့်စွာဖြစ်ပေါ်နေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်းအဝေး၌ ထောက်ပြပြောဆိုခဲ့သည်။

Related News

Depend on news