နည်းပြတန်ဟက်ဂ်ကို မန်ယူနိုက်တက်ထုတ်ပယ်

Published on Oct 28, 2024

အင်္ဂလန်ပရီးမီးယားလိဂ်(EPL)အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်ကို ထုတ်ပယ်လိုက်ပြီလို့ ဒီကနေ့ညဦးပိုင်းမှာပဲ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

 

ယူနိုက်တက်ဟာ တန်ဟက်ဂ်ကို ၂၀၂၂ ဧပြီလမှာ ခန့်အပ်ခဲ့တာဖြစ်ပြီး နှစ်ပြသက်တမ်း ၂ နှစ်ကျော် အတွင်းမှာ ၂၀၂၃ ခုနှစ် ကာရာဘောင်းဖလားနဲ့ ဒီနှစ် ၂၀၂၄ FA ဖလားတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။

 

ဒါပေမဲ့ လက်ရှိရာသီမှာတော့ အသင်းရလဒ်တွေဆိုးရွားနေတာကြောင့် အခုလိုထုတ်ပယ်ခံခဲ့တာ ဖြစ်ပါတယ်။

 

“ကျွန်တော်တို့နဲ့ အတူရှိနေစဉ် ကာလအတွင်းမှာ သူလုပ်ဆောင်ခဲ့သမျှတွေအတွက် အဲရစ်ကို ကျေးဇူးတင်ရှိပါတယ်။‌ ကောင်းမွန်တဲ့ အနာဂတ်ပိုင်ဆိုင်နိုင်ဖို့လည်း ဆုတောင်းပေးပါတယ်” လို့ ယူနိုက်တက်အသင်း ထုတ်ပြန်ချက်မှာ ရေးသားခဲ့ပါတယ်။

 

လက်ရှိမှာတော့ ယူနိုက်တက်အသင်းကို အသင်းရဲ့ တိုက်စစ်မှူးဟောင်းလည်းဖြစ်၊ လက်ရှိလက်ထောက်နည်းပြလည်းဖြစ်တဲ့ ရုဒ်ဗန်နစ္စတယ်လ်ရွိုင်းက ယာယီနည်းပြအဖြစ် တာဝန်ယူမှာဖြစ်ပြီး လက်ရှိနည်းပြအဖွဲ့ဝင်တွေကိုလည်း ဆက်လက်ခန့်ထားမယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Fabrizio Romano