“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (အောက်တိုဘာ ၁၄ မှ ၁၉ ရက်အထိ)

Published on Oct 19, 2024

“ကျပ်ငွေဈေး ပြန်ကျ”

 

ဒီတစ်ပတ်ထဲ သီတင်းကျွတ်ရုံးပိတ်ရက်တွေများခဲ့ပြီး အောက်တိုဘာ ၁၄ နဲ့ ၁၅ ရက်တွေပဲ စစ်ကောင်စီလက်အောက်ခံရုံးတွေ ဖွင့်လှစ်ခဲ့ပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်က အင်္ဂါနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၅၄ ကျပ်နှုန်းနဲ့ ကန်ဒေါ်လာ ၆ ဒသမ ၀၂ သန်းကိုရောင်းချပေးခဲ့သလို ထိုင်းတစ်ဘတ်ကို ၁၁၆ ကျပ်နီးပါးနှုန်းနဲ့ သန်း ၂၀၀ နီးပါးအထိ ရောင်းချပေးခဲ့တယ်လို့ သူတို့ရဲ့ FX အွန်လိုင်းဈေးကွက်မှာ ကြေညာထားပါတယ်။

 

ဒါပေမဲ့ ဒီတစ်ပတ် နိုင်ငံခြားငွေဈေးတွေဟာ အမြင့်ဈေးတွေနဲ့ ဖွင့်လှစ်ခဲ့ပြီး အမေရိကန်ဒေါ်လာက အဲဒီအမြင့်ဈေးတွေနဲ့ ပြန်ပိတ်သွားခဲ့ပါတယ်။

 

ဒီတစ်ပတ် အောက်တိုဘာ ၁၅၊ ၁၆၊ ၁၇၊ ၁၈ လေးရက်လုံး အကျဈေးမှာသာ ရှိနေခဲ့ကြတာဖြစ်ပါတယ်။ အဲဒီရက်တွေအတွင်း ငွေကြေးဈေးကွက်ထဲ အမေရိကန်တစ်ဒေါ်လာ ၄၄၂၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၂ ကျပ်၊ တရုတ်တစ်ယွမ် ၆၂၀ ဝန်းကျင်၊ မလေးရှားတစ်ရင်းဂစ် ၁၀၂၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာ ၃၄၀၀ ကျပ်အထိ ကျဆင်းခဲ့တာတွေ့ရပါတယ်။

 

ဒါပေမဲ့ ဈေးကွက်အပိတ်နေ့ စနေမှာတော့ ပြန်လည်မြင့်တက်လာတာ တွေ့ရပြီး အမေရိကန်ဒေါ်လာဈေးကတော့ အဖွင့်ဈေးအတိုင်း ပြန်လည်ပိတ်သွားခဲ့ပါတယ်။

 

ဒါကြောင့် ဒီတစ်ပတ် ငွေကြေးဈေးကွက်ထဲ ကျပ်ငွေဈေး ပြန်လည်ကျဆင်းသွားပြီး ပြီးခဲ့တဲ့အပတ်ကထက် အမေရိကန်တစ်ဒေါ်လာကို ၈၀ ကျပ်မြင့်တက်လာတာတွေ့ရပါတယ်။

 

ဒါပေမဲ့ ဒီတစ်ပတ်အတွင်း စင်ကာပူတစ်ဒေါ်လာကို ၈၀ ကျပ်၊ တရုတ်တစ်ယွမ်ကို ၄ ကျပ်၊ မလေးရှားတစ်ရင်းဂစ်ကို ၁၀ ကျပ် ကျဆင်းခဲ့ပါတယ်။

 

ဒီတစ်ပတ် ဈေးကွက်အပိတ်နေ့ စနေမှာတော့ အမေရိကန်တစ်ဒေါ်လာ ၄၅၅၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၄၂၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၄ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၀၃၅ ကျပ်နဲ့ တရုတ်တစ်ယွမ် ၆၂၆ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

 

Source – Myanmar Market Price