“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၅ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Oct 06, 2024

“ကျတော့ကျတယ် ပြတ်နေဆဲ”

 

အာဏာသိမ်း သုံးနှစ်ခွဲကျော်ကာလအတွင်း အဆိုးရွားဆုံး စက်သုံးဆီပြတ်လပ်မှုနဲ့ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ဒီတစ်ပတ်ထဲအထိ အပြည့်အဝမရရှိကြသေးပါဘူး။

 

စစ်ကောင်စီဗဟိုဘဏ်က ဒီတစ်ပတ်ထဲမှာ ကန်ဒေါ်လာ၊ ဘတ်နဲ့ ယွမ်ငွေတွေ ပြင်ပပေါက်ဈေးအောက် သန်းနဲ့ချီထုတ်ရောင်းပေးနေပေမဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီလုံလုံလောက်လောက်မရကြသေးတာပါ။

 

ရန်ကုန်မြို့က စက်သုံးဆီတချို့ ပိတ်ထားရဆဲဖြစ်သလို တချို့ဆိုင်တွေမှာ အမျိုးအစားအစုံမရောင်းပေးနိုင်သေးတာနဲ့ ပမာဏအကန့်အသတ်နဲ့ ရောင်းချနေရဆဲဖြစ်တယ်လို့ မြို့ပတ် အငှားယာဉ်ပြေးဆွဲနေသူတွေဆီကနေ သိရပါတယ်။

 

ဒီတစ်ပတ်စက်သုံးဆီဈေးကွက်အတွင်း ပြီးခဲ့တဲ့အပတ်ကထက် အောက်တိန်း 92 တစ်လီတာကို ၁၈၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၁၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၁၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၄၀ ကျပ် ကျဆင်းခဲ့ပါတယ်။

 

စနေနေ့ စက်သုံးဆီဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၂၉၅၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၁၅၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၁၉၀ ကျပ် ဈေးဖြစ်ပါတယ်။