ယနေ့ ကိုဗစ် အတည်ပြုလူနာသစ် ၂၉၂ ဦးတွေ့ရှိ

Published on Oct 11, 2022

ယနေ့ အောက်တိုဘာ ၁၁ ရက်တွင် ကိုဗစ် အတည်ပြုလူနာသစ် ၂၉၂ ဦးတွေ့ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၀ ရက်က ကိုဗစ် အတည်ပြုလူနာသစ် ၂၃၂ ဦးတွေ့ရှိခဲ့ပြီး ယနေ့မှာတော့ ၂၉၂ ဦး တွေ့ရှိခဲ့ရာ ရောဂါပိုးတွေ့ရှိမှုသည် ၆၀ ဦးပြန်လည်မြင့်တက် လာခဲ့သည် ကိုတွေ့ရှိရပြီး သေဆုံးသူမရှိခဲ့ပေ။

မြန်မာနိုင်ငံ ၌ ယနေ့ အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၂၆,၉၈၂ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၆၅ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ရာ ယခုချိန်ထိ နေ့စဥ် ပျမ်းမျှအားဖြင့် ၃၀၀ ဝန်းကျင် တွေ့ရှိလာခဲ့သည်ကို တွေ့ရသည်။