“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဇူလိုင်လ ၂၈ မှ ဩဂုတ်လ ၃ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Aug 04, 2024

“တစ်ဒေါ်လာ ၆၀၀၀ ၊ တစ်ဘတ် ၂၀၀ ဆီ လှမ်းနေတဲ့ နိုင်ငံခြားငွေဈေးများ”

 

ကျပ်ငွေထိုးကျခြင်းကြောင့် အဓိက နိုင်ငံခြားငွေဈေးတွေအားလုံး အဆမတန်ထိုးတက်သွားခဲ့ရပါတယ်။

အဲဒီထဲ အမေရိကန်တစ်ဒေါ်လာ ၅၅၀၀ ကျော်၊ စင်ကာပူတစ်ဒေါ်လာ ၃၉၀၀ ကျော်၊ ထိုင်းတစ်ဘတ် ၁၅၀ ကျပ်နီးပါး၊ မလေးရှားတစ်ရင်းဂစ် ၁၁၇၀ ကျပ်နဲ့ တရုတ်တစ်ယွမ် ၇၃၅ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

 

ဒါပေမဲ့ အရင် ပြီးခဲ့တဲ့နှစ်ထဲ တစ်ဒေါ်လာ ကျပ် ၄၀၀၀ ကိုစကျော်ခဲ့ချိန်တုန်းက အများက တစ်ဒေါ်လာ ၆၀၀၀ နဲ့ ထိုင်းတစ်ဘတ် ၂၀၀ လောက်အထိ တက်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။

 

လက်ရှိအနေအထားအရ အဲဒီပမာဏအထိ ခြေလှမ်းနေတဲ့အနေအထားမှာရှိနေပါတယ်။

 

ပြီးခဲ့တဲ့အပတ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုပါက အမေရိကန်တစ်ဒေါ်လာကို ၄၅၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၂၀၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၁၀ ကျပ်၊ ဂျပန်တစ်ယမ်း‌ကို ၅ ကျပ်၊ မလေးရှားတစ်ရင်းဂစ်ကို ၁၀၀ ကျပ်နဲ့ တရုတ်တစ်ယွမ်ကို ၅၀ ကျပ်နီးပါးအထိ မြင့်တက်လာပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်ကတော့ ငွေကြေးကစားသူ ၉၃ ဦးကို စိစစ်အရေးယူနေတယ်လို့ ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

သောကြာနေ့မှာတော့ အမေရိကန်တစ်ဒေါ်လာ ၅၄၀၀ ကျော်၊ စင်ကာပူတစ်ဒေါ်လာ ၃၉၀၀ ကျော်၊ ထိုင်းတစ်ဘတ် ၁၄၇ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၁၁၇၀ ကျပ်နဲ့ တရုတ်တစ်ယွမ် ၇၃၆ ကျပ်ဖြစ်ပါတယ်။