ရွှေတစ်ကျပ်သား သိန်း ၇၀ နီးပါးနဲ့ ကန်တစ်ဒေါ်လာ ၅၅၀၀ ကျော်နဲ့ စံချိန်သစ်ထပ်ရ

Author အကြင်နာ
Categories
Published on Aug 01, 2024

စစ်ကောင်စီက နောက်ထပ်ခြောက်လသက်တမ်းထပ်ယူလိုက်ပြီးနောက်မှာပဲ အဆမတန်တက်နေတဲ့ ရွှေနဲ့ နိုင်ငံခြားငွေဈေးတွေ ထပ်မံမြင့်တက်လာပါတယ်။

ဒီကနေ့ ဩဂုတ် ၁ ရက် မနက်ပိုင်းမှာပဲ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ကျပ် ၆၈ သိန်းကျော်နဲ့ အမေရိကန်တစ်ဒေါ်လာ ၅၅၀၀ ကျော်အထိမြင့်တက်လာတယ်လို့ အဲဒီဈေးကွက်တွေထဲကနေ သိရပါတယ်။

 

ယမန်နေ့ကထက် ရွှေဈေးက တစ်ကျပ်သားကို ကျပ် နှစ်သိန်းခုန်တက်သလို အမေရိကန်တစ်ဒေါ်လာကို ၁၀၀ ကျပ်ထိုးတက်သွားတာဖြစ်ပါတယ်။

 

“ဒီအတိုင်းဆို ထပ်တက်မယ့်အလားအလာမှာရှိပါတယ်” လို့ အမည်မဖော်လိုသူ ရွှေကုန်သည်တစ်ဦးက CJ Platform သို့ တိုတိုတုတ်တုတ် ပြန်လည်ဖြေကြားပါတယ်။

 

အလားတူ ထိုင်းဘတ်ဈေးနှုန်းလည်း ထပ်မံမြင့်တက်လာတာကိုတွေ့မြင်ရပြီး ယမန်နေ့ကထက် တစ်ကျပ်ကျော်မြင့်တက်လာတယ်လို့ သိရပါတယ်။

 

လက်ရှိ ပြင်ပရွှေဈေးကွက်ထဲ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ကျပ် ၆၈ သိန်းကျော်ရှိပြီး အမေရိကန်တစ်ဒေါ်လာ ၅၅၀၀ ကျပ်ကျော်၊ ထိုင်းတစ်ဘတ် ၁၄၉ ကျပ်ကျော်ဈေးရှိတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – AI