CDM ဆင်၀န်ထမ်းများနှင့် ဆင်များမှ YMB PDFနှင့် ပူးပေါင်းကာ သစ်ခိုးထုတ်မှုကို ကာကွယ်ပေးနေ

Author မွန်လေး
Categories
Published on Oct 11, 2022

ယင်းမာပင်ခရိုင်၊ အလောင်းတော်ကဿပ နယ်မြေအတွင်း တော်လှန်ရေးတွင်ပါ၀င်နေသည့် ဆင်၀န်ထမ်းများနှင့် ဆင်များကို ဂုဏ်ပြုကြောင်း ယင်းမာပင်မြို့နယ် တပ်ရင်း ၁ ကယနေ့တွင် ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာ၀န်ပေးချက်အရ ယင်းမာပင်မြို့နယ် တပ်ရင်း ၁ မှ အလောင်းတော်ကဿပ နယ်မြေတွင် သစ်တောထိန်းသိမ်းမှုကို ဆောင်ရွက်ရကြောင်း ထုတ်ပြန်ထားသည်။

သစ်တောထိန်းသိမ်းရာတွင် ရဲဘော်များနှင့်အတူ CDM ဆင်၀န်ထမ်းများက ပူးပေါင်းဆောင်ရွက်ပြီး သယ်ယူပို့ဆောင်ရေးတွင် ဆင်များဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ ဒေသတွင်း မီးရှို့ခံရသည့် ကျေးရွာများအတွက် ယာယီနေအိမ်များ ဆောင်လုပ်နိုင်ရန် တောတောင်တွင်း သစ်ခိုးထုတ်ထားသည့် သစ်များကို ဆင်များကိုအသုံးပြုကာ ပြည်လည်ထူထောင်ရေးအတွက် သစ်စုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် ရဲဘော်များ၊ ဆင်၀န်ထမ်းများနှင့် ဆင်များကို တော်လှန်ရေးတွင် ထမ်းဆောင်နေသည့် တာ၀န်တစ်ရပ်ကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ယင်းမာပင်မြို့နယ် တပ်ရင်း ၁က ထုတ်ပြန်ထားသည်။