“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (ဇူလိုင်လ ၁၃ မှ ဇူလိုင် ၁၉ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jul 20, 2024

“ဓာတ်ဆီ ပြန်တက်၊ ဒီဇယ် ဆက်ကျ”

 

တက်လိုက်ကျလိုက်ဖြစ်နေတဲ့ စက်သုံးဆီဈေးကွက်ထဲ ဒီတစ်ပတ်မှာတော့ အရင်အပတ်က ကျခဲ့တဲ့ အောက်တိန်း 92 နဲ့ 95 တို့ပြန်တက်လာပြီး ဒီဇယ်ဆီတွေကတော့ ဆက်လက်ကျဆင်းလာတာတွေ့ရပါတယ်။

 

ပြီးခဲ့တဲ့အပတ်က တစ်လီတာ ၁၅ ကျပ်စီတက်ခဲ့တဲ့ အောက်တိန်းဆီတွေဟာ ဒီတစ်ပတ်မှာတော့ တစ်လီတာ ၁၅ ကျပ်စီ ပြန်ကျသွားပါတယ်။

 

ဒီဇယ်ဈေးကွက်မှာတော့ ရိုးရိုးဒီဇယ် တစ်လီတာကို ၅၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၅၅ ကျပ် အရင်ပတ်ကထက် ထပ်မံကျဆင်းခဲ့တာတွေ့ရပါတယ်။

 

ဇူလိုင်လ ၁၉ ရက်နေ့ စက်သုံးဆီဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၁၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၈၃၅ ကျပ်နဲ့ ဓာတ်ဆီအမျိုးအစားတွေအဖြစ် 92 အောက်တိန်းတစ်လီတာ ၂၆၈၅ ကျပ်၊ 95 အောက်တိန်းတစ်လီတာ ၂၈၀၅ ကျပ်ဈေးရှိခဲ့ပါတယ်။