“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (ဇူလိုင်လ ၇ မှ ဇူလိုင် ၁၃ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jul 13, 2024

“ဈေးနှုန်းရပ်တန့်နေတယ်လို့ ဆိုရမယ့် စက်သုံးဆီ”

 

ပြီးခဲ့တဲ့ အပတ်က ဈေးနှုန်းတွေမြင့်တက်နေခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဒီတစ်ပတ်မှာတော့ ဒီဇယ်ဈေးနှုန်း အနည်းငယ်လျော့ကျပြီး ဓါတ်ဆီဈေးနှုန်း အနည်းငယ်မြင့်ခဲ့ပါတယ်။

 

ဇွန်လ နှောင်းပိုင်းကစလို့ ပြန်မကျတော့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ အခု ဇူလိုင်လ ဒုတိယအပတ်မှာတော့ ဈေးနှုန်းတွေ ရပ်တန့်နေခဲ့တာလို့ဆိုရမှာပဲ ဖြစ်ပါတယ်။

 

အခု တစ်ပတ်အတွင်း ရိုးရိုးဒီဇယ် တစ်လီတာကို ၂၀ ကျပ် ကျဆင်းခဲ့သလို အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၂၅ ကျပ်ကျဆင်းခဲ့ကာ ဓာတ်ဆီအမျိုးအစားတွေဖြစ်တဲ့ 92 တစ်လီတာကို ၁၅ ကျပ်နဲ့ 95 တစ်လီတာကို ၅ ကျပ်အထိ မသိမသာ မြင့်တက်ခဲ့တယ်လို့ အရင်ပတ်ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ချက်အရ သိရပါတယ်။

 

စက်သုံးဆီဈေးတွေဟာ အရင်အပတ်နည်းတူ ဒီတစ်ပတ်မှာလည်း ဈေးနှုန်းရပ်တန့်နေရာကနေ သောကြာနေ့ကမှ အပြောင်းအလဲဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ဇူလိုင်လ ၆ ရက်နေ့ စက်သုံးဆီဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၆၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၈၉၀ ကျပ်နဲ့ ဓာတ်ဆီအမျိုးအစားတွေအဖြစ် 92 အောက်တိန်းတစ်လီတာ ၂၇၀၀ ကျပ်၊ 95 အောက်တိန်းတစ်လီတာ ၂၈၉၀ ကျပ်ဈေးရှိခဲ့ပါတယ်။