“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (ဇွန် ၃၀ မှလ ဇူလိုင် ၆ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jul 06, 2024

“ဈေးနှုန်းအတက်ဘက်မှာ ဆက်ရှိနေဆဲ စက်သုံးဆီ”

 

ပြီးခဲ့တဲ့ အပတ်က ဈေးနှုန်းတွေမြင့်တက်နေခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဒီတစ်ပတ်မှာလည်း ဆက်တက်နေခဲ့ပါတယ်။ ဇွန်လ နှောင်းပိုင်းကစလို့ ပြန်မကျတော့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ အခု ဇူလိုင်လ ပထမအပတ်မှာလည်း ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေခဲ့တာဘဲ ဖြစ်ပါတယ်။

 

အခု တစ်ပတ်အတွင်း ရိုးရိုးဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၂၀ ကျပ်မြင့်တက်ခဲ့သလို ဓာတ်ဆီ 92 တစ်လီတာကို ၃၀ ကျပ်နဲ့ 95 တစ်လီတာကို ၂၅ ကျပ်အထိ မြင့်တက်ခဲ့တယ်လို့ အရင်ပတ်ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ချက်အရ သိရပါတယ်။

 

စက်သုံးဆီဈေးတွေဟာ အရင်အပတ်နည်းတူ ဒီတစ်ပတ်မှာလည်း တက်ဈေးနဲ့ ဈေးနှုန်းရပ်တန့်နေရာကနေ သောကြာနေ့ကမှ ထပ်မံမြင့်တက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ဇူလိုင်လ ၆ ရက်နေ့ စက်သုံးဆီဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၈၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၉၁၅ ကျပ်နဲ့ ဓာတ်ဆီအမျိုးအစားတွေအဖြစ် 92 အောက်တိန်းတစ်လီတာ ၂၆၈၅ ကျပ်၊ 95 အောက်တိန်းတစ်လီတာ ၂၈၁၅ ကျပ်ဈေးရှိခဲ့ပါတယ်။