“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဇွန် ၃၀ မှ ဇူလိုင် ၂၉ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jul 06, 2024

“အမြင့်ကို ဆက်လှမ်းနေတဲ့ နိုင်ငံခြားငွေ”

 

ပြီးခဲ့တဲ့အပတ်က အနည်းငယ်စီ မြင့်တက်ခဲ့တဲ့ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းဟာ ဒီတစ်ပတ်မှာလည်း ဆက်လက်မြင့်တက်လာတာကြောင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေတဲ့ ရက်သတ္တပတ်လို့ ဆိုရပါမယ်။

 

ဒေါ်လာအမျိုးအစား ဖြစ်တဲ့ အမေရိကန် ဒေါ်လာနဲ့ စင်ကာပူ ဒေါ်လာ အမျိုးအစားတို့ဟာ တက်နှုန်းအများဆုံး မြင့်တက်ခဲ့ပြီး အလားတူ ထိုင်းဘတ်၊ မလေးရှား ရင်းဂစ် နဲ့ တရုတ် ယွမ်ငွေတို့ဟာ လည်း အနည်းငယ် မြင့်တက်ခဲ့ကာ ဂျပန် ယမ်းငွေ တစ်မျိုးသာ အနည်းငယ် မြင့်တက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ဒီတစ်ပတ်မှာတော့ အမေရိကန် တစ်ဒေါ်လာကို ၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို ၆၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ထိုင်းတစ်ဘတ် ၃ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၁၆ ကျပ်နဲ့ တရုတ်ယွမ်ငွေက ၁၀ ကျပ်အထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ အပတ်က မပြောပလောက်တဲ့ပမာဏ အနည်းငယ်သာတက်ခဲ့တဲ့ ဂျပန်ယမ်းကတော့ မပြောပလောက်တဲ့ပမာဏဆိုရမယ့် ၁ ကျပ်ကျော်ကျော် အနည်းငယ်သာ တက်ခဲ့ပါတယ်။

 

ဇူလိုင်လ ၆ ရက် စနေနေ့ အတွက် နိုင်ငံခြားငွေကြေး လဲလှယ်နှုန်း ဈေးကွက် အပိတ်ဈေးနှုန်း ကတော့ အမေရိကန်တစ်ဒေါ်လာ ၄၆၀၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၄၃၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၂၇ ကျပ်၊ ဂျပန် တစ်ယမ်း ၂၉ ကျပ်ကျော်၊ မလေးရှား တစ်ရင်းဂစ် ၉၈၄ ကျပ်နဲ့ တရုတ်တစ်ယွမ် ၆၃၈ ကျပ် လဲလှယ်နှုန်းရှိခဲ့ပါတယ်။