“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဇွန် ၂၃ မှ ၂၉ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jun 30, 2024

“ဆက်တိုက်ကျနေတဲ့ မြန်မာကျပ်ငွေ”

 

အရင်အပတ်က ဈေးနှုန်းတက်ခဲ့တဲ့ အမေရိကန် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးအားလုံးနီးပါး ဒီတစ်ပတ်မှာလည်း ဆက်လက်မြင့်တက်ခဲ့တာကြောင့် ကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းခဲ့တဲ့ ရက်သတ္တပတ်လို့ ဆိုရပါမယ်။

 

အမေရိကန် တစ်ဒေါ်လာကို ၂၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၄၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁ ကျပ်နီးပါးနဲ့ မလေးရှားတစ်ရင်းဂစ် ၆ ကျပ် မြင့်တက်လာတာကို တွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့ အပတ်က မတက်ခဲ့တဲ့ တရုတ်ယွမ်ငွေက ၃ ကျပ်မြင့်တက်ခဲ့ပြီး ဂျပန်ယမ်းကတော့ မပြောပလောက်တဲ့ ပမာဏ အနည်းငယ်သာ တက်ခဲ့ပါတယ်။

 

ဇွန်လ တတိယအပတ် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း ဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၇၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၂၄ ကျပ်ကျော်၊ ဂျပန် တစ်ယမ်း ၂၈ ကျပ်ကျော်၊ မလေးရှား တစ်ရင်းဂစ် ၉၆၈ ကျပ်နဲ့ တရုတ်တစ်ယွမ် ၆၂၈ ကျပ် ဈေးရှိပါတယ်။