ကိုဗစ် အတည်ပြုလူနာသစ် ၄၆၅ ဦးတွေ့ရှိ ယမန်နေ့ ကထက် ၇၅ ဦးတိုးလာ

Published on Oct 05, 2022

ယနေ့ အောက်တိုဘာလ ၅ ရက်တွင် ကိုဗစ် အတည်ပြုလူနာသစ် ၄၆၅ ဦးတွေ့ရှိခဲ့ပြီး ယမန်နေ့ကထက် ၇၅ ဦး တိုးလာကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။

ယမန်နေ့ အောက်တိုဘာ ၄ ရက်တွင် အတည်ပြုလူနာ ၃၉၀ ဦးရှိခဲ့ပြီး ယနေ့ အောက်တိုဘာ ၅ ရက်တွင်အတည်ပြု လူနာ ၄၆၅ ဦးတွေ့ရှိခဲ့ကာ သေဆုံးမရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ၌ ယနေ့ အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၂၅,၁၄၇ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၆၂ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ပြီး ရာနှင့် ချီကာတွေ့ရှိလာခဲ့ပြီး ကူးစက်မှု နှုန်းနေ့စဥ် မြင့်တက်လာခဲ့သလို အတက်အကျ ကိန်းဂဏာန်းမတည်ငြိမ်မှုများရှိနေသည်ကို တွေ့ရသည်။