ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် ဈေးရောင်းချခွင့် မပြုဟု စခန်းအာဏာပိုင်များမှ တားမြစ်မိန့်ထုတ်

Author ခေတ်နီ
Categories
Published on Oct 05, 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း၌ စျေးရောင်းချခွင့်မပြုကြောင်း တားမြစ်မိန့်တစ်ရပ်ကို စခန်းအာဏာပိုင်များက အောက်တိုဘာလ ၃ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ရိုဟင်ဂျာဒုက္ခသည်များ၏ စခန်းအတွင်း ဒုက္ခသည်များ အချင်းချင်းကြား ပျံကျနှင့် တစ်ပိုင်တစ်နိုင် ဈေးရောင်းဈေးဝယ်မှုများအား စခန်းအာဏာပိုင်များက မကြာခဏဆိုသလို တားမြစ်ပိတ်ပင်မှုများရှိခဲ့ပြီး၊ ဈေးသည်များကို ရိုက်နှက်ခြင်း၊ ပစ္စည်းများသိမ်းခြင်းများ ဖြစ်ပွားခဲ့ပြီးနောက် ယခုတွင် ဈေးရောင်းခွင့် မပြုကြောင်း တရားဝင်စာဖြင့် ထုတ်ပြန်လာခဲ့ခြင်းဖြစ်ကြောင်း The Arakan Express News တွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဒေသခံရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သိန်းနှင့် ချီထွက်ပြေး ခိုလှုံနေရသည်မှာ ငါးနှစ်ကျော်ကာရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် ဈေးရောင်းချခွင့် မပြုဟု စခန်းအာဏာပိုင်များမှ တားမြစ်မိန့်ထုတ်လကို ရောက်ရှိနေပြီဖြစ်သည်။