စစ်ကောင်စီ ခေါင်းဆောင်သည် ၂၀၀၈ဖွဲ့စည်းပုံကို ဖျက်သိမ်းချင်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီပြောကြား

Author လင်းခိုင်
Categories
Published on Oct 05, 2022

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၀၈ ဖွဲ့စည်းပုံကိုဖျက်သိမ်းချင်နေကြောင်း NUG၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယနေ့တွင် ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အပတ်စဥ် ရေဒီယို NUGမှ PDFရဲဘော်များသို့ မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်သည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ၂၀၀၈ဖွဲ့စည်းပုံကိုဖျက်သိမ်းရန် စဥ်းစားနေခြင်းဖြစ်ပြီး ဖျက်သိမ်းရခြင်းသည် အဓိကအချက်နှစ်ချက်ရှိလိမ့်မည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

“ပထမအချက် (၂၀၀၈) ဖွဲ့စည်းပုံနဲ့ အညီဖြစ်ဖို့ဆိုရင် စစ်တပ်က ထင်သလို အာဏာသိမ်းလို့မရဘူး။ အခုအာဏာသိမ်းထားတာကလည်း (၂၀၀၈) ဖွဲ့စည်းပုံကို ချိုးဖောက် ပြီး အဓမ္မလုပ်ထားခဲ့တာပဲဖြစ်တယ်။ ဒုတိယအချက် ဒီဖွဲ့စည်းပုံက စစ်အုပ်စုရဲ့ အာဏာနဲ့ကို ယ်ကျိုးစီးပွား လိုဘကို ဖြည့်မပေးနိုင်ဘူး။ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်တွေကို လုပ်ပိုင်ခွင့် (၇၅) ရာခိုင်နှုန်း ခွဲပေးထားရတာကို သူတို့ လုံးလုံး မရှုစိမ့်ဘူး”ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ မတရားမှု ၊ စစ်ရာဇဝတ်မှုများကို ယင်းဖွဲ့စည်းပုံသည် အကာအကွယ်မပေးနိုင်သည့်အတွက် ပြင်ရနိုးနိုး၊ စမ်းတဝါးဝါးလမ်းပျောက်နေကြောင်း၊ ပြင်သည်ဖြစ်စေ၊ ဖျက်သည်ဖြစ်စေ ပြည်သူ့အကျိုးကိုရှေးရှု့မည်မဟုတ်ပဲ စစ်အာဏာကို အသေဆုပ်ကိုင်ထားရေးကိုပဲဦးတည်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဓမ္မသမားတွေပီပီ ဘယ်လိုနိုင်ငံရေး ထွက်ပေါက် မျိုးကိုမှ နည်းမှန်လမ်းမှန်ရှာဖွေဖို့ စဥ်းစားကြမှာ မဟုတ်ဘူး။ သူတို့ခေါင်းထဲ စွဲနေတာက ကလိမ်ဥာဏ်နဲ့ အကြောက်တရားပဲ။ စစ်တပ်ကို ပြည်သူက ခေါင်းမော်မကြည့်ရဲအောင် အဓမ္မပြုကျင့် အကြောက်တရား သွင်းရင်းနဲ့ သူတို့ကိုယ်တိုင်နေစရာ ထိုင်စရာ မရှိအောင် ကြောက်စိတ်ဝင်နေကြပြီဆိုတာ သေချာတယ်”ဟု ကာကွယ်ရေးဝန်ကြီးကပြောကြားသည်။

ထို့ပြင် စစ်ကောင်စီသည် ပြည်သူများ တော်လှန်ရေးစိတ်ဓာတ် တဖြည်းဖြည်းကျဆင်းသွားစေရန်၊ လက်နက်နှင့်ရန်ပုံငွေ အခက်အခဲ၊ တော်လှန်ရေးအင်အားစုများ ညီညွတ်မှုပြိုကွဲသွားစေရန်ကိုသာ လိုလားနေသည့်အတွက် ၎င်းတို့အလိုကျမဖြစ်စေရန် ပြည်သူများကို အာမခံရမည်ဖြစ်ကြောင်း ပြောကြားသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေး စစ်ကောင်စီအာဏာသိမ်းပြီး နှစ်လအတွင်း ၂၀၂၁ မတ် ၃၁ရက်တွင် CRPHကယင်း ခြေဥကိုဖျက်သိမ်းကြောင်းကြေငြာခဲ့သည်။