“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ ” (မေ ၂ ရက်မှ ၈ ရက် အထိ)

Author လင်းနွေဦး
Categories
Published on Jun 09, 2024

“ကျမြဲကျဆဲ စက်သုံးဆီဈေး”

 

ဒီတစ်ပတ်ရဲ့ စက်သုံးဆီလဲလှယ်နှုန်းတွေဟာ အရင်အပတ်ကထက် ပိုမိုကျဆင်းခဲ့တာကို တွေမြင်ရမှာဖြစ်ပြီး အသုံးများတဲ့ ဓာတ်ဆီအမျိုးအစားအဖြစ် 92 အောက်တိန်းတစ်လီတာဟာ အရင်အပတ်ကထက် ၇၀ ကျပ်တိတိကို ဆက်လက်ကျဆင်းခဲ့ပါတယ်။

 

ရိုးရိုးဒီဇယ်တစ်လီတာကို ၂၃၃၀ ကျပ်မှ ၂၅ ကျပ်နှုန်း ၊ အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၂၃၈၀ ကျပ်မှ ၂၃၅၀ ကျပ်နှုန်း  ဆက်ကျခဲ့တာဖြစ်ပြီး ဓာတ်ဆီအမျိုးအစားတွေအဖြစ် 92 အောက်တိန်းတစ်လီတာဟာ ၂၅၆၅ ကျပ်ကနေ ၇၀ ကျပ်နှုန်း၊ 95 အောက်တိန်းတစ်လီတာကို 2665 ကျပ်ကနေ ၅၀ ကျပ်နှုန်းတိတိ ဈေးနှုန်းပြန်လည်ကျဆင်းခဲ့တာပါ။

 

ဂျွန် ၈ ရက်နေ့ စနေနေ့ စက်သုံးဆီ ဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၀၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၂၃၅၀ ကျပ် နဲ့ ဓာတ်ဆီ အမျိုးအစားတွေအဖြစ် 92 အောက်တိန်းတစ်လီတာ ၂၄၉၅ ကျပ် ၊ 95 အောက်တိန်းတစ်လီတာ 2615 ကျပ်ဈေးရှိခဲ့ပါတယ်။