“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ”(မေ ၂၆ ရက်မှ ဂျွန် ၁ ရက် အထိ)

Author လင်းနွေဦး
Categories
Published on Jun 02, 2024

” ၄၅၀၀ကျပ် နီးပါးဖြစ်လာတဲ့ အမေရိကန် တစ်ဒေါ်လာ”

 

ဒီအပတ်ရဲ့ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းတွေဟာ အပြောင်းအလဲတွေ ဖြစ်ခဲ့ပေမဲ့ တက်နှုန်းမြင့်နေတဲ့ အမေရိကန် တစ်ဒေါ်လာ လဲလှယ်နှုန်းကတော့ ပြန်လည်ကျဆင်းလာခြင်း မရှိသေးဘဲ အရင်အပတ်ကထက် လဲလှယ်နှုန်း ဆက်မြင့်တက်ခဲ့ပါတယ်။

 

အရင်တစ်ပတ်ကထက် အမေရိကန် တစ်ဒေါ်လာဟာ ၂၆၀ ကျပ်နှုန်း မြင့်တက်ခဲ့တာဖြစ်လို့ တစ်ဒေါ်လာကို ၄၅၀၀ နီးပါးအထိ ဖြစ်ခဲ့ပြီး စင်ကာပူတစ်ဒေါ်လာ ကတော့ ၂၀ ကျပ်နှုန်း ပြန်လည်ကျဆင်းခဲ့တာပါ။

 

အလားတူ အခြားသောလဲလှယ်နှုန်းတွေအဖြစ် ထိုင်းတစ်ဘတ် ၂ ကျပ်နီးပါး ၊ ဂျပန်တစ်ယမ်း သုည ဒဿမ ၁၅ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၅၇ ကျပ် နှုန်း မြင့်တက်ခဲ့ပြီး တရုတ်တစ်ယွမ် လဲလှယ်နှုန်းကသာ ၉ ကျပ်အတိ ပြန်လည်ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

 

ဂျွန်လ ပထမအပတ် ရဲ့ ငွေကြေးလဲလှယ်နှုန်း ဈေးကွက်အပိတ်ဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၄၅၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၃၀၃၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၁၆ ဒဿမ ၂၈ ကျပ်၊ ဂျပန်တစ်ယမ်း ၂၆ ဒဿမ ၇၉ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၉၃၆ ကျပ်၊ တရုတ်တစ်ယွမ် ၅၆၆ ကျပ် လဲလှယ်နှုန်းရှိခဲ့ပါတယ်။