ရွှေဈေး ၅၇ သိန်းခြောက်သောင်းနဲ့ ကန်တစ်ဒေါ်လာ ၄၇၀၀ နီးပါးနဲ့ ပိတ်

Author ကိုထားဝယ်
Categories
Published on May 30, 2024

ပြည်တွင်းရွှေဈေးကွက်ထဲ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅၇ သိန်းခြောက်သောင်းနဲ့ အမေရိကန်တစ်ဒေါ်လာ ၄၆၈၀ တို့နဲ့ ဒီနေ့ မေ ၃၀ ရက်မှာ နောက်ဆုံးဖြစ်ပေါ်ခဲ့ကြပါတယ်။

 

အခုရက်ပိုင်း နေ့စဉ် အဖွင့်ဈေးထက် အပိတ်ဈေးမြင့်လေ့ရှိခဲ့တဲ့ ရွှေဈေးကတော့ ဒီနေ့မှာ ၅၈ သိန်း နှစ်သောင်းကျပ်နဲ့ ဖွင့်ခဲ့တာကြောင့် အနည်းငယ်အကျနဲ့ပြန်ပိတ်သွားခဲ့တယ်လို့ ဆိုရမှာပါ။

 

အမေရိကန်ဒေါ်လာဈေးကတော့ တစ်ဒေါ်လာ ၄၆၀၀ ကျပ်နဲ့ဖွင့်ခဲ့ပြီး နေ့လယ်ပိုင်းမှာ တစ်ဒေါ်လာ ၄၇၈၀ ကျပ်အထိတက်ခဲ့ပေမဲ့ ၄၆၈၀ ကျပ်နဲ့ ပြန်ပိတ်သွားခဲ့တာကိုတွေ့ရပါတယ်။

 

ထိုင်းဘတ်တစ်ခုတည်း မနေ့ကဈေးထက် ကျဆင်းခဲ့တာတွေ့မြင်ရပါတယ်။ ဒါပေမဲ့ ဒီနေ့တစ်နေကုန်အနေနဲ့ ပြန်ကြည့်ပါက ထိုင်းဘတ်က အလှုပ်အခတ်အများဆုံးနဲ့ အပြောင်းအလဲအများဆုံးဖြစ်ခဲ့ပြီး မနက်ပိုင်းမှာ တစ်ဘတ် ၁၃၃ ကျပ်အထိတက်ခဲ့ပေမဲ့ ပိတ်ချိန်မှာတော့ တစ်ဘတ် ၁၁၉ ဘတ်ကို ရောက်ရှိခဲ့တာပါ။

 

တခြားနိုင်ငံခြားငွေကြေးတွေဖြစ်တဲ့ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ ဂျပန်ယန်း၊ မလေးရှားရင်းဂစ်နဲ့ တရုတ်ယွမ်တို့ဟာလည်း မနေ့က ဈေးတွေထက် ပိုတက်လာတာကို တွေ့မြင်ရပါတယ်။

 

နိုင်ငံခြားငွေကြေးဈေးကွက်ထဲမှာတော့ အမေရိကန်တစ်ဒေါ်လာ ၄၆၈၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၈၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၁၉ ကျပ်၊ ဂျပန်တစ်ယန်း ၃၀ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၉၇၅ ကျပ်နဲ့ တရုတ် တစ်ယွမ် ၆၄၈ ကျပ်ဖြစ်ပါတယ်။

 

ဒီနေ့ ပြင်ပ ရွှေဈေးကွက်ထဲ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅၇ သိန်းခြောက်သောင်းကျပ်နဲ့ ၁၅ ပဲရည် တစ်ကျပ်သား ၅၄ သိန်း နှစ်သောင်းကျပ်နဲ့ ဈေးပိတ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို အမေရိကန် ၂၃၃၇ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့တာကိုတွေ့မြင်ရပါတယ်။