“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (မေ ၁၉ ရက်မှ ၂၅ ရက်အထိ)

Author လင်းနွေဦး
Categories
Published on May 26, 2024

“၅၂ သိန်းအတိဖြစ်လာတဲ့ မြန်မာ့အခေါက်ရွှေဈေး”

 

တက်နှုန်းမြင့်ဈေးနှုန်းတွေနဲ့ စံချိန်တင်နေတဲ့ ၁၆ ပဲရည် မြန်မာ့အခေါက်ရွှေဈေးနှုန်းကတော့ ဒီတစ်ပတ်မှာ ၅၂ သိန်း အတိနဲ့ သမိုင်းစံချိန်ဆက်တင်ခဲ့ပါတယ်။

 

အရင် အပတ်ကထက် ၁ သိန်း ၆ သောင်း နှုန်း ဆက်တက်ခဲ့တာဖြစ်ပြီး ဧပြီနှောင်းပိုင်းထဲက ၁၆ ပဲရည် အခေါက်ရွှေဈေးဟာ တစ်ကျပ်သား သိန်း လေးဆယ်ကျော်နဲ့ တစ်ရိပ်ရိပ်တက်ခဲ့ရာက မေလနှောင်းပိုင်းမှာတော့ တစ်ကျပ်သား သိန်း ၅၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး ခုဆို ၅၂ သိန်း အတိ ဖြစ်လာခဲ့တာပါ။

 

စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်ရွှေလုပ်ငန်းရှင်ကြီးများအသင်း (YGEA) ကတော့ အကယ်ဒမီ မီးလင်းရွှေ (၁၆ ပဲရည် အခေါက်ရွှေ ) တစ်ကျပ်သားကို ၃၉ သိန်း ၉ သောင်း ၉ ထောင့် ၅ ရာလို့  သူတို့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပြီး မြေပြင်ဈေးကွက် ဈေးနှုန်းနဲ့ ၁၂ သိန်း ၅ ရာ ကွာဟနေတာကို တွေ့ရပါတယ်။

 

၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်းကတော့ အရင်အပတ်ကထက် ၄၇ သိန်း ၄ သောင်း ကနေ  ၁ သိန်း ၅ သောင်းနှုန်း ဆက်လက်မြင့်တက်ခဲ့ပါတယ်။

 

ကမ္ဘာ့ရွှေဈေးဘက်မှာတော့ အရင်အပတ်ကထက် ပြန်ကျခဲ့ပြီး တစ်အောင်စကို အမေရိကန် ၇၉ ဒေါ်လာ အထိ ကျဆင်းခဲ့တာပါ။

 

မြေပြင်ဈေးကွက်ရဲ့ မေလ ၂၅ ရက်နေ့ အတွက် ဈေးကွက်အပိတ်ဈေးနှုန်းတွေကတော့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၅၂ သိန်းကျပ်၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၈ သိန်း ၉ သောင်းနဲ့ ကမ္ဘာ့ရွှေတစ်အောင်စ ကို အမေရိကန် ၂၃၃၄ ဒေါ်လာ ပေါက်ဈေးရှိခဲ့ပါတယ်။