ပြည်သူ့လွတ်မြောက်ရေး မွတ်စ်လင်မ်တပ်ဦး ဖွဲ့စည်း

Author ခေတ်နီ
Categories
Published on Oct 01, 2022

နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် မွတ်စ်လင်မ်ရဲဘော်များပါဝင်သည့် ပြည်သူ့ လွတ်မြောက်ရေး မွတ်စ်လင်မ် တပ်ဦး (ပလမတ) People Liberation Muslim Front (PLMF) ကို ယနေ့မှာ စတင်ဖွဲ့စည်းလိုက်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲနေချိန်တွင်
မွတ်စ်လင်မ်လူထုအားကို ပိုမိုလိုအပ်သည်ဟု မှတ်ယူတာကြောင့် နွေဦးတော်လှန်ရေး အတွင်း နိုင်ငံရေးတိုက်ပွဲ၊ သပိတ်တိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲများ အပါအ၀င်၊ ရှေ့ကာလများ၌ အဖိနှိပ်ခံအရေး၊ ကျောင်းသားထုအရေးနှင့် လူနည်းစုအရေးများတွင် ရပ်တည်တိုက်ပွဲ၀င်ခဲ့ကြသည့် မွတ်စ်လင်မ်ရဲဘော်များစုဖွဲ့ကာ ပြည်သူ့လွတ်မြောက်ရေး မွတ်စ်လင်မ်တပ်ဦးကို ဖွဲ့စည်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဖွဲ့စည်းလိုက်သည့် ပြည်သူ့လွတ်မြောက်ရေး မွတ်စ်လင်မ်တပ်ဦးသည် အာဏာရှင်စနစ်အပြီးတိုင်ချူပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေး၊ လူမျိူးကြီးဝါဒဆန့်ကျင်ရေး၊ ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး ၊ လူမှုတရားမျှတမှုရရှိရေး စတဲ့ မူ(၅)ချက်ကို စွဲကိုင်ကာစစ်အာဏာရှင်စနစ်နှင့် အခြားဖိနှိပ်မှုများကို ဆန့်ကျင်ပြီး မွတ်စ်လင်မ်လူထု အပါအ၀င် တခြားသော အဖိနှိပ်ခံအရပ်ရပ်နှင့် လက်တွဲပြီး အစွမ်းကုန် တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။