“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” ( မေ ၅ ရက် မှ ၁၁ ရက်အထိ)

Author လင်းနွေဦး
Categories
Published on May 11, 2024

“တန့်ရာကနေ တက်လာတဲ့ ငွေဈေးများ”

 

ပြီးခဲ့တဲ့ အပတ်က ပြောင်းလဲခြင်းမရှိ တန့်နေခဲ့တဲ့ နိုင်ငံခြားငွေကြေး လဲလှယ်နှုန်း တွေဟာ ဒီတစ်ပတ်မှာတော့ ပြန်တက်လာခဲ့ပါတယ်။

 

ဒေါ်လာအမျိုးအစား ဖြစ်တဲ့ အမေရိကန် ဒေါ်လာနဲ့ စင်ကာပူ ဒေါ်လာ အမျိုးအစားတို့ဟာ တက်နှုန်းမြင့်ခဲ့ပြီး အလားတူ ထိုင်းဘတ်၊ မလေးရှား ရင်းဂစ် နဲ့ တရုတ် ယွမ်ငွေတို့ဟာ လည်း အနည်းငယ် မြင့်တက်ခဲ့ကာ ဂျပန် ယမ်းငွေ တစ်မျိုးသာ မဆိုစလောက် ကျဆင်းခဲ့ပါတယ်။

 

အမေရိကန် တစ်ဒေါ်လာ တက်နှုန်းမြင့်ချက်ဟာ တစ်ဒေါ်လာ ကျပ် ၄ ထောင် နီးပါးထိ မြင့်တက်လာခဲ့သလို စင်ကာပူ တစ်ဒေါ်လာ ကလည်း ၂၉၀၀ ကျပ်ကျော် အထိမြင့်တက်လာခဲ့တာပါ။

 

ထိုင်းတစ်ဘတ်ကို ၁ ဒဿမ ၄၂ ကျပ် နှုန်း၊ မလေးရှား တစ်ရင်းဂစ် ၅ ကျပ်နှုန်း၊ တရုတ် တစ်ယွမ် ၈ ကျပ် နှုန်း တက်နှုန်းမြင့်ခဲ့ပြီး ဂျပန် တစ်ယမ်းကို သုည ဒဿမ ၄၁ ကျပ် နှုန်း ကျဆင်းခဲ့ပါတယ်။

 

မေလ ၁၁ ရက် စနေနေ့ အတွက် နိုင်ငံခြားငွေကြေး လဲလှယ်နှုန်း ဈေးကွက် အပိတ်ဈေးနှုန်း ကတော့ အမေရိကန် တစ်ဒေါ်လာ ၃၉၇၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၉၁၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၈ ဒဿမ ၁၁ ကျပ်၊ ဂျပန် တစ်ယမ်း ၂၅ ဒဿမ ၄၄ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၈၉၂ ကျပ်၊ တရုတ် တစ်ယွမ် ၅၄၈ ကျပ်ဈေး လဲလှယ်နှုန်းရှိခဲ့ပါတယ်။